တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 29, 2015

သင့်အတွက် နေ့စဉ် လက်ထောက် အဖြစ် ရှိနေမယ့် Facebook M




ပြီးခဲ့တဲ့ ဇန်နဝါရီလက Facebook ဟာ Wit.ai လို့ အမည်ရတဲ့ Startup ကုမ္ဗဏီ ငယ်ကို ဝယ်ယူ ခဲ့တာကို သိတဲ့သူ များလည်း သိကြမှာပါ။ ယင်း AI နည်းပညာ ဖန်တီးတဲ့ ကုမ္ဗဏီကို ဝယ်ယူတဲ့ ရည်ရွယ် ချက်က AI နည်းပညာကို Facebook မှာ ပေါင်းစပ်ဖို့ပဲ ဆိုတာ အဲ့ဒီ အချိန် ကတည်းက သိကြပါတယ်။

ဒါပေမယ့် ယင်းလုပ်ဆောင်ချက်ဟာ အဲ့ဒီလောက် မြန်မယ်လို့ ထင်မထား ခဲ့ကြပါဘူး။ Facebook M လို့ အမည်ပေး ထားတဲ့ Facebook user တိုင်း အသုံးပြုနိုင်မယ့် Personal assistant ကို beta ဗားရှင်း ဖွင့်ပေး လိုက်ပြီ ဖြစ်ပါတယ်။

Facebook M ကို Messenger ထဲကနေ ရှာဖွေ ရမှာပါ။ သူ့ကို စာရိုက်ပြီးတော့ မေးနိုင်သလို အသံဖြင့်လည်း မေးနိုင် ပါတယ်။ ပြန်လည်ဖြေကြား တာကိုလည်း လောလောဆယ် စာနဲ့ပဲ ဖြစ်ပေမယ့် နောက်ဆိုရင် အသံပါ ပါလာမှာ ဖြစ်ပါတယ်။

မိမိမေးချင်ရာကို မေးနိုင်ပြီး သူဟာ မိမိမေးတာတွေကို ဖြေပေး ပါလိမ့်မယ်။ မိမိရဲ့ Facebook Account မှာ Friend Request ဘယ်လောက် ရှိတယ် ဘယ်သူတွေ ဖြစ်တယ် ဆိုတာ ကိုတောင် မေးလို့ရ ပါတယ်။

Amazon တို့လို shop တွေပေါ်မှာ ဈေးဝယ်ချင် တာတောင် ကိုယ်တိုင် Amazon ပေါ် သွားစရာ မလိုတော့ပဲ ယင်း chatbox ထဲကနေပဲ ခိုင်းစေ လုပ်ဆောင်နိုင်တဲ့ အထိ အဆင့်မြင့် ပါတယ်။ ဒါပေမယ့် ယင်းဟာ နိုင်ငံပေါ်မှာ မူတည်ပြီးတော့ ရရှိနိုင်တဲ့ Feature အနည်း အများ ကွာပါလိမ့်မယ်။

သူ့ကို Apple ရဲ့ Siri နဲ့ Google ရဲ့ Google Now တို့ထက်တောင် သာလွန်ကြောင်း မှတ်ချက်ပေး ပြောဆိုနေ ကြပါတယ်။

ရာသီဥတု အခြေအနေကစလို့ နိုင်ငံရေး အခြေအနေ အထိ မေးနိုင်ပြီး နိုင်ငံရေး ဆိုရင် Facebook M က BBC တို့လို မီဒီယာကြီးနဲ့ ချိတ်ထား ပါတယ်။ BBC က main page တစ်ခုကို ပြန်လည် ညွန်းပေးခြင်းမျိုး ဖြစ်ပါတယ်။

Facebook M ရဲ့ အသုံးဝင်မှုကို ပိုမို တိုးမြင့်ပြီး ၂၀၁၆ ခုနှစ် နှစ်ဆန်းမှာ Facebook Messenger တိုင်းမှာ အခမဲ့ အသုံးပြုနိုင်မယ့် Feature တစ်ခု အဖြစ် ဖြန့်ချိမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: the verge
အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/10/28/facebookm/

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

1 comment: