တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 25, 2015

တရုတ်နိုင်ငံ စမတ်ဖုန်းဈေးကွက်မှာ Xiaomi ကို Huawei ပထမဆုံး အကြိမ်ကျော်




စမတ်ဖုန်းတွေ အပြင် Networking ပစ္စည်းတွေ ရောင်းတဲ့ တရုတ် ကုမ္ပဏီဖြစ်တဲ့ Huawei ဟာ တရုတ်နိုင်ငံမှာ စမတ်ဖုန်းရောင်းအား အကောင်းဆုံး ကုမ္ပဏီ ဖြစ်လာ ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ တတိယမြောက် သုံးလပတ် အတွင်းက ဖြစ်ခဲ့တာ ဖြစ်ပြီး Xiaomi ကိုကျော်သွားတာ ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။

နှစ်အလိုက်ရောင်းအားမှာ Huawei က Xiaomi ကိုတောင် ကျော်လွန်ပြီး ရောင်းအားဟာ ရုတ်တရက် ၈၁ ရာခိုင်နှုန်း ထိုးတက်သွားခဲ့တာပဲဖြစ်တယ် လို့ Canalys သုတေသန ကုမ္ပဏီရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Canalys သုတေသန ကုမ္ပဏီက ၂၀၁၅ခုနှစ် တတိယ သုံးလပတ်မှာ Huawei ရဲ့ ရောင်းအားကောင်းမှုကိုပဲ ဖော်ပြခဲ့တဲ့အတွက် Apple, Samsung နဲ့ တခြားဖုန်းတွေက ဘယ်အဆင့်မှာ ရပ်တည်ခဲ့တယ်ဆိုတာ မသိရပါဘူး။ Canalys က Huawei ရဲ့ ရောင်းအားကို Xiaomi နဲ့ပဲ ယှဉ်ပြခဲ့တာပါ။

Xiaomi အနေနဲ့ သူ့ရဲ့အိမ်ကွင်းဖြစ်တဲ့ တရုတ်နိုင်ငံမှာ လှည့်ကွက်လုပ်ခဲ့တဲ့ အချိန်လဲ ဖြစ်နိုင်ပါတယ်။ Samsung ကို၂၀၁၄ခုနှစ် တရုတ်နိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး ဖုန်း ဖြစ်လာစေဖို့ Xiaomi အနေနဲ့ ကူညီခဲ့တာလဲ ဖြစ်နိုင်တယ်လို့ Canalys သုတေသနကုမ္ပဏီက ယုံကြည်ထားပါတယ်။

Xiaomi ဟာ ၂၀၁၄ခုနှစ်မှာ တရုတ်နိုင်ငံအတွင်း ဖုန်းအလုံး ၆၁ သန်းကို ရောင်းချခဲ့ရပြီး ဒီနှစ်အတွက် သန်း ၈၀ ရောက်ချရဖို့ မျှော်မှန်းထားကြောင်းနဲ့ မျှော်မှန်းချက်ကို ရောက်ဖို့ ရုန်းကန်နေရကြောင်း သိရပါတယ်။ ဒါတောင်မှ နဂိုက သန်း ၁၀၀ ရောင်းဖို့ မျှော်မှန်းချက်ကို လျှော့ခဲ့တာပါ။

စမ်းစစ်ချက်တွေအရ Xiaomi ဖုန်းဟာ အကျဘက်ကိုရောက်နေတယ်လို့ Xiaomi ကနေ TechCruch ကိုပြောပြခဲ့ပါတယ်။

Ref: TechCruch

Original link - http://technology.thithtoolwin.com/2015/10/xiaomi-huawei.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: