တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 25, 2015

လမ်းကြမ်းရှောင်ရန် စက်ရုပ်ကို ဒရုန်းနှင့် တွဲဖက် အသုံးပြု




အဆင့်မြင့် ကာကွယ်ရေး သုတေသန စီမံကိန်း အေဂျင်စီ (DARPA) ကဖန်တီး ထားတဲ့ Big Dog စက်ရုပ်ဟာ ခြေလှမ်းတွေ အရမ်း တိကျတယ်လို့ ဆိုနိုင်ပါတယ်။ ဒါတောင်မှ သူမထိန်း ချုပ်နိုင်သေးတဲ့ မြေနေရာ အနေအထားတွေ ရှိနေ ပါသေးတယ်။

ဒါကြောင့် လမ်းကြမ်းတွေမှာ သူတို့ရဲ့ စက်ရုပ်တွေ ဘယ်တော့မှ ကျမရှုံးသွားစေဖို့ရာ ရည်ရွယ်ပြီး ETH Zurich ရဲ့ Autonomous Systems Lab ကနေ နည်းလမ်းတစ်ရပ်ကို ထုတ်ခဲ့ပါတယ်။ စက်ရုပ်ရှေ့ကနေ မောင်းသူမဲ့လေယာဉ်ကို လွှတ်ပြီး မြေအနေအထားကို အတိအကျ Scan ဖတ်ခိုင်းတာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းက တော်တော်လေးကို အသုံးတည့်ပါတယ်။

ဒီစက် နှစ်မျိုးကို တွဲသုံးတာဟာ သွားရမယ့်မြေပုံကို တစ်ခုနဲ့တစ်ခု ပေးပို့ပေးနိုင်ပြီး အဆင်ပြေတဲ့ လမ်းကြောင်းကို ရွေးချယ်သွားနိုင်စေပါတယ်။ မောင်းသူမဲ့လေယာဉ်ဟာ ရှေ့ကကြိုသွားပြီး ဒေသတစ်ဝိုက်ရဲ့ နှိုင်းရ မျက်နှာပြင် အမြင့်တွေပါတဲ့ မြေပုံ အကြမ်းဖျင်းကို ထုတ်ပေးပါတယ်။ အဲ့ဒီ့ဒေတာကို လမ်းလျှောက်စက်ရုပ်နဲ့ ဝေမျှပြီး ဘယ်လမ်းကြောင်းက သွားသင့်တယ်ဆိုတာကို တွက်ထုတ်နိုင်ပါတယ်။

လမ်းလျှောက်စက်ရုပ်ကလည်း သူ့ခြေလှမ်းတွေ သေချာနေစေဖို့အတွက်ကို လေဆာသုံး အတိုင်းအတာရှာဖွေစက်နဲ့ သွားတဲ့လမ်းတစ်လျှောက်မှာ မျက်နှာပြင်အမြင့် မြေပုံကို အချိန်နှင့်အမျှ update လုပ်နေမှာပါ။

စက်ရုပ်နှင့် အလိုအလျောက်စနစ်ဆိုင်ရာ ၂၀၁၆ခုနှစ် IEEE နိုင်ငံတကာ အစည်းအဝေးမှာ “ပျံသန်းယာဉ်နှင့် လမ်းလျှောက်စက်ရုပ်များ ပူးတွဲ လမ်းကြောင်းပြစနစ်” ကို ချပြသွားမယ်လို့ သိရပါတယ်။

Ref: engadget

Original link - http://technology.thithtoolwin.com/2015/10/blog-post_25.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: