တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 27, 2015

ညအမှောင်မှာ နေ့ကဲ့သို့ လင်းစေသော 90000-lumen LED ဓာတ်မီး




လူတွေဟာ ဘယ်လို စူပါ ပါဝါမျိုးကို လိုချင်လဲ မေးရင်၊ မိုးပေါ်ပျံမယ်၊ ကိုယ်ဖျောက်မယ်၊ ခွန်အားကြီး ချင်တယ် ဆိုတာတွေပဲ ပြောပါတယ်။ ညဘက်ကို မနက်ဘက် ပြောင်းနိုင်တဲ့ ပါဝါမျိုး ရမယ် ဆိုရင်ရော။ အဲ့ဒါမျိုး ဆိုရင်တော့ တော်တော်လေး မိုက်မှာပါ။

ညကို မနက်ပြောင်းဖို့ အတွက် ရေဒီယို သတ္တုကြွ ပင့်ကူမျိုး၊ နေရဲ့ပါဝါကို ထိန်းချုပ်နိုင်ဖို့ အတွက် တခြားဂြိုဟ်က လာတာ မျိုးတွေ မလိုအပ်ပါဘူး။ လူတစ်ယောက်ဟာ 'ကမ္ဘာ့ အလင်းဆုံး ဓာတ်မီး' လို့ခေါ်တဲ့ အရာ တစ်ခုကို ဖန်တီးခဲ့ ပါတယ်။

ဒီလို အိမ်တွင်းဖြစ် ဓာတ်မီး တီထွင်မှုဟာ ပုံမှန် ဓာတ်မီးတွေနဲ့ မတူပါဘူး။ Rctestflight လို့ခေါ်တဲ့ ဒီဓာတ်မီးမှာ 10100-Watt LED ချစ်ပ်တွေနဲ့ ချိတ်ဆက် ထားပါတယ်။

အပူဒဏ်ခံနိုင်ဖို့ အတွက်ကိုလည်း တစ်ခုချင်းစီမှာ heat sink တွေ ပါရှိ ပါတယ်။ မီးလုံးတွေ အားလုံးကို အလူ မီနီယံဘား တစ်ခုတည်းနဲ့ စည်းထား ပါတယ်။ ဘက်ထရီ ပါဝါပေးထားတဲ့ ဒီဘားတွေကို လက်ကိုင် အဖြစ် သုံးနိုင်တဲ့ အတွက် အလွယ်တကူ သယ်ဆောင် သွားလို့ ရပါတယ်။

တောက်ပလွန်းတဲ့ အလင်းရောင်ဟာ ဘက်ထရီ အရမ်းစားတဲ့ အတွက် ၁၀မိနစ်ပဲ မီးထိုးနိုင် ပါတယ်။ စုစုပေါင်း အလေးချိန် ကတော့ ၁၀ ပေါင်ပါ။ မြေပြင်သာ မက၊ တိမ်တွေကိုပါ အလင်းရောင် ထိုးနိုင်တဲ့ အတွက် နေသာတဲ့ နေ့အလား မီးထိုးပေးနိုင်မှာပါ။

"ပေ ၁၀၀ ထက် အနီးနားမှာ မီးထိုး လိုက်မယ် ဆိုရင်၊ မျက်စိကျိန်း သွားမှာဖြစ်တဲ့ အတွက် နေရာတော်တော် များများမှာ အသုံး မတည့်ဘူး။" ဆိုတာကို စိတ်ထဲမှာ မှတ်ထားပေးပါ။

Ref: CNet



Original link - http://technology.thithtoolwin.com/2015/11/90000-lumen-led.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: