တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 1, 2015

Android နဲ့ Chrome OS ကို ပေါင်းစည်းဖွယ် ရှိ




Google က သူပိုင်တဲ့ Androd နဲ့ Chrome OS တွေကို ပေါင်းစည်း မလား ဆိုတာကို လူတွေ သိချင် နေခဲ့ကြတာ နှစ်နဲ့ ချီနေပါပြီ။ ဒီလိုမျိုး အပြောင်း အလဲတွေ ဖြစ်လာနိုင်ပါတယ်။

Google အနေနဲ့ Chrome OS နဲ့ Android ကိုပေါင်းစပ်ဖို့ရာ လုပ်ဆောင်နေခဲ့တာ ၂နှစ်ကြာသွားပြီလို့ Wall Street Journal က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီလို ပေါင်းစပ်ပြီး ထွက်လာတဲ့ OS ကို ၂၀၁၇ခုနှစ်လောက်မှာ တရားဝင် ထွက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ နောက်နှစ် စောနိုင်သမျှစောစော အချိန်မှာပဲ ကနဦးဗားရှင်းကို ကျွန်တော်တို့ မြင်တွေ့ရနိုင်ဖွယ် ရှိပါတယ်။

Google က Chrome OS ကို သတ်နိုင်တယ်လို့ တချို့က သတင်းထုတ်ပြန်ထားပေမဲ့ Google အနေနဲ့ နည်းဗျူဟာနှစ်ခွတွေ ရှိထားနိုင်ပါတယ်။ စီမံကိန်း တစ်ခုချင်းစီရဲ့ ကံကြမ္မာကို သိတဲ့ Chrome OS, Chromecast နဲ့ Android တို့ရဲ့ ဒုဥက္ကဌ Hiroshi Lockheimer ကတော့ “Chrome OS ကို ကျွန်တော်တို့ တကယ်မြတ်နိုးပါတယ်။” လို့ ပြောခဲ့ပါတယ်။

ပေါင်းစပ်ထားတဲ့ OS သစ်ကို သိပ်မဝေးတော့တဲ့ တိကျတဲ့ကာလတစ်ခုမှာ ကျွန်တော်တို့ မြင်တွေ့နိုင်မှာပါ။

Ref: engadget

Original link - http://technology.thithtoolwin.com/2015/11/android-chrome-os.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: