
အမေရိကန်နိုင်ငံ နယူးယောက်မြို့က National Sawdust ဟာ event space တစ်ခုဖြစ်ပြီး အင်ဂျင်နီယာ အတတ်ပညာတွေနဲ့ အကောင်းမွန်ဆုံး တည်ဆောက်ခဲ့တာဟာ ၅နှစ်ကြာမြင့်ခဲ့ပါတယ်။
ဒီအဆောက်အဦးကို တည်ဆောက်ရခြင်းရည်ရွယ်ချက်ကတော့ ဂီတဖန်တီးမှုနောက်ကွယ်မှာ ဖန်တီးမှုအားကောင်းတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်စေဖို့ပါ။ အရမ်း စိတ်ဝင်စားစရာ ကောင်းတာ သေချာပါတယ်။ ဒီဇိုင်းရေးဆွဲထားမှုကလည်း ကျွန်တော်တို့ အာရုံကို ဖမ်းစားထားပါတယ်။
အစောပိုင်းကာလမှာ စီမံကိန်းဒီဇိုင်းရေးဆွဲသူတွေက သေတ္တာတွေထဲမှာ သေတ္တာတွေထားရှိပြီး စီစဉ်လုပ်ဆောင်ခဲ့ပါတယ်။ အပြင်ဘက်လွှာတွေ ထဲကမှ အတွင်းအဆောက်အအုံထဲမှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ အသစ်တစ်ခုရှိနေပါတယ်။
ဒီဇိုင်းပြဿနာ အချို့ကို ဖြေရှင်းပြီးတဲ့နောက်မှာတော့၊ ဖျော်ဖြေမှု နေရာလွတ်အတွင်းကို ဘာသံမှ ဝင်မလာ နိုင်ဘဲ အတွင်းကအသံတစ်ခုမှလည်း လွတ်ထွက်မသွားနိုင်ဘူးဆိုတာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါနဲ့ မလုံလောက်သေးဘူးဆိုပြီး ဆက်လုပ်ကြပါတယ်။ ဖျော်ဖြေမှုနေရာရဲ့ မြေအောက်မှာ မြေအောက်ရထားလမ်းရှိပါတယ်။ အပြင်ဘက်မှာလည်း ကားအရမ်းကြပ်တဲ့ လမ်းမတွေရှိပါတယ်။
ဒါကြောင့် ဆူညံသံတွေ ပြင်းအားပျော့သွားစေဖို့နဲ့ ပြင်ပကလာတဲ့အသံတွေကို အပူစွမ်းအင်အဖြစ် ပြောင်းလဲသွားစေဖို့အတွက် ရေစီးကြောင်းပေါင်း ၁၀၀၀ ခန့်ကို ခန်းမရဲ့ ပတ်ပတ်လည်မှာ ဖန်တီးထားရှိခဲ့ပါတယ်။ ဒီနည်းနဲ့ ဒီအဆောက်အအုံသစ်ရဲ့ ဒီဇိုင်းကို မြှင့်တင်ဖို့အတွက် ဒီဇိုင်းရေးဆွဲသူတွေက ဆုံးဖြတ်ခဲ့ပါတယ်။
ဒီခန်းမကို ဖျော်ဖြေတင်ဆက်မှု အမျိုးမျိုးအတွက် ချိန်ညှိနိုင်သေးတယ်လို့ သိရပါတယ်။
Ref: engadget
Original link - http://technology.thithtoolwin.com/2015/11/blog-post_2.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: