တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 18, 2015

Anonymous အဖွဲ့က IS အဖွဲ့ရဲ့ တပ်သားသစ် စုဆောင်းရေးနဲ့ ၀ါဒ ဖြန့်ချီရေး ယန္တရားကို စတင် တိုက်ခိုက်




ကမ္ဘာကျော် ဟက်ကာ အဖွဲ့ဖြစ်တဲ့ Anonymous ဟာ ISIS အဖွဲ့ဝင် တပ်သား စုဆောင်း စည်းရုံးရေး သမားတွေရဲ့ အမည်နဲ့ လိပ်စာတွေကို စတင် ဖော်ထုတ်ပြ လိုက်ပါပြီ။

မျက်နှာဖုံး စွပ်ထားတဲ့ ဟက်ကာ အဖွဲ့ဟာ အစ္စလာမ် ဘာသာရေး အစွန်းရောက် အဖွဲ့ IS ကို ပါရီ အကြမ်းဖက်မှု အပြီးမှာ စစ်ကြေညာ လိုက်တာ ဖြစ်ပါတယ်။

အခုတော့ စစ်ဆင်ရေးရဲ့ ပထမဆုံး ခြေလှမ်းအနေနဲ့ အကြမ်းဖက်အဖွဲ့ရဲ့ တပ်သားသစ် စုဆောင်ရေး သမား ၅ ယောက်ရဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ထုတ်ပြလိုက်ပြီး သံသယ ရှိဖွယ် တွစ်တာ အကောင့် ၅၅၀၀ ကို လည်း ဖျက်ဆီးလိုက်နိုင်ခဲ့ပါတယ်။

လက်ရှိဖော်ထုတ်ထားပြီးတဲ့ စည်းရုံးရေးသမား တွေဟာ အာဖဂန်နစ္စတန် နိုင်ငံ ၊ တူနီးရှား နိုင်ငံ နဲ့ ဆိုမားလီယား နိုင်ငံ တို့မှာရှိနေတဲ့ IS အဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Anonymous အဖွဲ့က ကြေညာထားတာကတော့ သူတို့လက်ထဲမှာ ဥရောပ တိုက်အတွင်းရောက်ရှိနေတဲ့ အဆင့်မြင့် စည်းရုံးရေးသမားတွေ ကိုလည်း သိရှိထားပြီးဖြစ်တယ်ဆိုတာပါပဲ။

ဒါပေမယ့်လည်း လိပ်စာတွေကိုတော့ထုတ်ဖော်ကြေညာ ခြင်းမရှိသေးပါဘူး။

Anonymous အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ တွေက အခိုင်အမာဆိုထားတာကတော့ သူတို့အဖွဲ့ဟာ IS အဖွဲ့ကို ထောက်ခံသူ အယောက် ၅၅၀၀ ရဲ့ တွစ်တာ အကောင့်တွေကို ဖျက်ဆီးလိုက်ပြီဖြစ်တဲ့အတွက် ဒီတစ်ကြိမ်မှာ IS အဖွဲ့ရဲ့ တပ်သားသစ်စုဆောင်း စည်းရုံးရေးနဲ့ ၀ါဒ ဖြန့်ချီရေး ယန္တရားကို အထိနာစေခဲ့ပြီ ဆိုတာပါပဲ။

GhostSec လို့ခေါ်တဲ့ ဟက်ကာ အဖွဲ့ဟာလည်း ပါရီအကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့လည်း ပူးပေါင်းပါဝင်ကူညီ ပေးနေ ပါသေးတယ်။

ထို ကဲ့သို့ ဆိုက်ဘာ တိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့ရာမှာ Anonymous အဖွဲ့က DDos ဆိုတဲ့ ဒစ်ဂျစ်တယ်လက်နက်ကို အသုံးပြုခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။

Ref : Mirror

Original link - http://technology.thithtoolwin.com/2015/11/anonymous-isis_18.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: