
Google ရဲ့ mobile search app ဟာ အသေးစိတ်က အစ ပြန်ဖြေ ပေးနိုင်ပြီး ကောင်းသည်ထက် ကောင်းလာ ပါတယ်။ တကယ့် လူတစ်ယောက်ကို မေးနေ သလိုမျိုး မေးခွန်းတွေကို ပြန်ဖြေပေးမှာပါ။
Android နဲ့ iOS ဆော့ဖ်ဝဲလ်ဟာ အခု ဆိုရင် မေးခွန်းတွေကို မှန်မှန် ကန်ကန် တိတိ ကျကျ ဖြေပေးနိုင်ဖို့ အတွက်ကို ပိုကြိုးစား လုပ်ဆောင်နေ ကြပါတယ်။ မေးခွန်း အလွှာပေါင်းစုံကို လှည့်ကွက် မရှိဘဲ ဖြေပေးနိုင် ပါတယ်။ သင်လိုချင်တဲ့ ခုနှစ် အတိ အကျကိုပြောပြီး ဘယ်မြို့မှာ လူဦးရေဘယ်လောက်လဲ ဆိုတာကအစ နံပါတ်အတိအကျကို ပြန်ဖြေပေးပါတယ်။
Google search app ဟာ 'အကြီးဆုံး' 'အသေးဆုံး' ဆိုတာတွေကိုပါ နားလည်ပါတယ်။ အစီအစဉ်လိုက်ရှိတဲ့ ပစ္စည်းတွေကိုလည်း ဘယ်လိုဖြေရမယ်ဆိုတာ သိပါတယ်။ ( အမေရိကန်မှာ အမြင့်ဆုံး အဆောက်အအုံက ဘာလဲ။ ဆိုတာမျိုးကို မေးကြည့်လိုက်ပါ။)
၎င်းရဲ့ အဆင့်မြှင့်ထားတဲ့ engine မှာ အမှားတွေရှိတုန်းပဲဆိုတာကို Google က မစောင့်မဆိုင်း ဝန်ခံထားပါတယ်။ ဒါပေမဲ့ သင့်ရဲ့ တောင်းဆိုချက်တွေဟာ အရမ်းကို တိကျနေရင် ဒါမှမဟုတ် ကြောင်တောင်တောင်နိုင်ရင်တောင် သင့်အနေနဲ့ အသုံးဝင်တဲ့ ရလဒ်တွေကို မျှော်လင့်ထားနိုင်ပါတယ်။
Ref: engadget
Original link - http://technology.thithtoolwin.com/2015/11/google-mobile-app.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |

No comments: