တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 2, 2015

နောက်ထွက်မယ့် Antivirus ဆော့ဖ်ဝဲမှာ update ပြုလုပ်ရန် မလိုတော့




Antivirus နဲ့ malware protection ပရိုဂရမ် တွေဟာ သိပ်ကို ကောင်းလွန်းတာ မှန်ပေမဲ့ သူတို့ သိရှိ နားလည်ထားတဲ့ Virus တွေကိုပဲ သင့်ကွန်ပျူတာ ကနေ ဖယ်ရှား ပေးနိုင်ပါတယ်။ ဒါက သိပ်ကြောက်ဖို့ ကောင်းတဲ့ ပြဿနာ ရယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တိုက်ခိုက်သူတွေ အနေနဲ့ သူတို့ရဲ့ Virus ကုတ်ကို နည်းနည်းလေး ပြင်ရေး လိုက်တာနဲ့ သင့်ကွန်ပျူတာကို တိုက်ခိုက်နိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရှိနေပါတယ်။

အကယ်၍ သင့်ကွန်ပျူတာက Antivirus ဆော့ဖ်ဝဲလ်ဟာ နောက်ဆုံးထွက် update ရထားမယ်ဆိုရင် တိုက်ခိုက်ခံရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ တစ်ချိန်လုံး update ထိုင်လုပ်နေရမယ်ဆိုတာကလည်း နည်းလမ်းမကျသေးပါဘူး။

အဲ့ဒီ့အတွက် သုတေသီတွေက သင်ယူမှုအားအရမ်းကောင်းတဲ့ ပြဿနာဖြေရှင်းနည်းစနစ် (အယ်လိုဂရစ်သမ်) တွေကို အသုံးပြုနေကြပါတယ်။ database update လုပ်စရာမလိုဘဲ အန္တရာယ်ရှိ ကုတ်တွေကို သဘာဝအတိုင်း ရှာဖွေသိရှိနိုင်တဲ့ စနစ်တွေပါ။

လူဖန်တီးထားတဲ့ ကွန်ရက်တစ်ခုက မျက်နှာကိုဖတ်ပြီး သိရှိနားလည်အောင် လေ့ကျင့်ပေးနိုင်ရင် အန္တရာယ်ရှိကုတ်ကို သိရှိနားလည်အောင် ဘာလို့များ မလေ့ကျင့်ပေးနိုင်ရမှာပါလဲ။ အစ္စရေးကုမ္ပဏီဖြစ်တဲ့ Deep Instinct ကလည်း ဒါမျိုး ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဒီကုမ္ပဏီက deep-learning antivirus suite ကို တီထွင်နေတာပါ။ အဲ့ဒါက ဒီနေ့ခေတ် အကောင်းဆုံး antivirus ဆော့ဖ်ဝဲလ်ထက်ကိုတောင် ၂၀ရာခိုင်နှုန်း ပိုတိကျပြီး အန္တရာယ်ရှိ ကုတ်တွေကို ဖတ်ပေးနိုင်တယ်လို့ သိရပါတယ်။ လေ့လာစမ်းစစ်မှုလုပ်ခဲ့ရာမှာလည်း အန္တရာယ်ရှိ ကုတ်တွေကို update မလိုဘဲနဲ့ ၉၅ရာခိုင်နှုန်း ရှာပေးနိုင်ခဲ့ပါတယ်။

အကယ်၍ ဒီဆော့ဖ်ဝဲသာ အထစ်အငေါ့မရှိ အောင်မြင်သွားမယ်ဆိုရင် တကယ့်ကို အပြောင်းအလဲကြီးတစ်ရပ် ဖြစ်မှာပါ။

Ref: engaget

Original link - http://technology.thithtoolwin.com/2015/11/antivirus-update.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: