တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, November 3, 2015

Candy Crush ကို ကန်ဒေါ်လာ သန်း ၅.၉ ထောင်ဖြင့် ဝယ်ယူ




Candy Crush ကို ရေးဆွဲခဲ့တဲ့ King ကုမ္ပဏီကို Destiny တို့၊ Call of Duty တို့ ဖြန့်ချိခဲ့တဲ့ Activision ကုမ္ပဏီကနေ က ကန်ဒေါ်လာ ၅.၉ ထောင် နဲ့ ဝယ်ယူ ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

Activision ဟာ World of Warcraft ကိုရေးဆွဲခဲ့တဲ့ Blizzard နဲ့လည်း Activision Blizzard umbrella corporation ဆိုပြီး ပူးတွဲ လုပ်ဆောင်နေတဲ့ စီးပွားဖက်တွေ ဖြစ်ပါတယ်။

Candy Crush Saga ကို ၂၀၁၂ခုနှစ် ဧပြီလကတည်းက Facebook မှာ စတင်ထုတ်ဝေခဲ့တဲ့ အနည်းဆုံး ၃လုံးတူ ဆက်ရတဲ့ ဂိမ်းတစ်ခုပါ။ အဲ့ဒီ့အချိန်ကတည်းက လူဆော့နှုန်းဟာ တစ်ဟုန်တိုး တိုးမြင့်လာခဲ့ပြီး ၂၀၁၄ခုနှစ်စာရင်းအရဆိုရင် ဂိမ်းဆော့သူတွေဟာ Candy Crush ထဲမှာ ကန်ဒေါ်လာ ၁.၃၃ သန်းထောင် ပေးပြီး ဆော့ခဲ့ကြတယ်လို့ သိရပါတယ်။

အခုဆိုရင် Activision Blizzard အနေနဲ့ သူပိုင်ဆိုင်ထားတဲ့ ဂိမ်းတွေ တော်တော်များလာပါပြီ။ Skylanders series, World of Warcraft, Heartstone, Destiny, Call of Duty စတာတွေအပြင် အခုလည်း Candy Crush Saga ကို ထပ်မံပိုင်ဆိုင်လိုက်ပါပြီ။

Ref: engadget

Original link - http://technology.thithtoolwin.com/2015/11/candy-crush.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: