တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 16, 2015

BioPhone တွေက ဖုန်းကို အိတ်ကပ်ထဲ ထည့်ထားရင်တောင် နှလုံးခုန်နှုန်းကို တိုင်းနိုင်




Fitness Tracker တွေကို လက်မှာ ပတ်ထား ရတာ မကြိုက် ပါဘူးလား။ မန်ဆာချူးဆက် ပြည်နယ် နည်းပညာ တက္ကသိုလ် MIT ရဲ့ မီဒီယာ ဓာတ်ခွဲခန်းက အုပ်စု တစ်ခု လေ့လာမှု အသစ်ပြုလုပ် ထားတဲ့ 'BioPhone' ကို ရှာဖွေ သင့်ပါတယ်။

သင့်ဖုန်းကို အိတ်ကပ်ထဲ ဒါမှမဟုတ် အိတ်ထဲ ထည့်ထားရင်တောင် သင့်နှလုံးခုန်နှုန်းကို စောင့်ကြည့်တိုင်းတာနိုင်မယ့် (အပြင်မှာလည်း တကယ်ဝယ်ယူရရှိနိုင်တဲ့) ဖုန်းတွေရဲ့ ဖြစ်နိုင်ခြေကို သူတို့လေ့လာခဲ့တာပါ။ ဒီအမြင်က နှလုံးခုန်မှုနဲ့ အသက်ရှုလိုက်လို့ ရင်ဘတ်အနိမ့်အမြင့် ကလာတဲ့ တုန်ခါမှုသေးသေးလေး၊ ကိုယ်ခန္ဓာလှုပ်ရှားမှု သေးသေးလေး ဖြစ်နေရင်တောင် ရယူထောက်လှမ်းနိုင်ဖို့အတွက် ဖုန်းတစ်လုံးရဲ့ accelerometer (အရှိန်တိုင်းကိရိယာ) နဲ့ gyroscope (ဟန်ချက်တိုင်းကိရိယာ) တို့ပေါ်မှာ မူတည်ပါတယ်။

တကယ်အသုံးချတိုင်းတာနိုင်တဲ့ ဒေတာတွေ ရယူနိုင်ဖို့အတွက် အဲ့ဒီ့သုတေသီအုပ်စုဟာ Android App တစ်ခုကို ဖန်တီးပြီး Samsung Galaxy S4 အပါအဝင် Android ဖုန်းတွေပေါ်မှာ တပ်ဆင်အသုံးပြုခဲ့ပါတယ်။

အဲ့ဒီ့နောက် လက်တွေ့တိုင်းတာကြည့်လိုက်တဲ့အခါ ရှိရင်းစွဲ တိုင်းတာစနစ်တွေနဲ့ အဖြေမတူညီတာကို မမျှော်လင့်စွာပဲသွားတွေ့ရပါတယ်။ စမတ်ဖုန်းဒေတာမှာပြနေတဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်အတွက် တုန်ခါမှု တစ်ကြိမ် ပိုနေပြီး အသက်ရှူနှုန်းကတော့ တစ်မိနစ်ကို ၄ပုံတစ်ပုံလောက် ပိုနေပါတယ်။

ဒီ့ထက်ပိုပြီး လုပ်ဆောင်စရာတွေ ရှိတယ်လို့ ဝန်ခံပြီး အချက်အလက်တွေကို ပိုတိကျအောင်၊ သူတို့ရဲ့ လေ့လာစမ်းသပ်မှုကို သက်သေပြနိုင်အောင် လုပ်ဆောင်သွားမယ်လို့ Hernandez က ပြောသွားပါတယ်။

Ref:engadget

Original link - http://technology.thithtoolwin.com/2015/11/biophone.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: