
ကိုယ်ကိုင် နေတဲ့ iPhone လေး အရည် တစ်ခု ခုထဲ ပြုတ်ကျ သွားပြီဆိုရင် ကျွန်တော်တို့ ပထမ ဦးဆုံး လုပ်မိ တာက ဆန်ပုံးထဲ ထည့်တာပါပဲ။
ဒါပေမယ့် Apple က တင်သွင်း ထားတဲ့ မူပိုင်ခွင့် လျှောက်လွှာ တစ်ခု အရ Apple ဟာ ဖုန်းထဲ ၀င်နေတဲ့ ရေတွေ ပြန်ထုတ်နိုင်ဖို့ အတွက် ပိုမို အဆင့်မြင်တဲ့ နည်းလမ်း တစ်ခုကို ဖော်ဆောင် နေကြောင်း သိရှိ ရပါတယ်။
အမေရိကန် မူပိုင်ခွင့်နဲ့ ကုန်အမှတ် တံဆိပ်ရုံးက ထုတ်ပြန် ခဲ့တဲ့ Apple မူပိုင်ခွင့် လျှောက်လွှာမှာ လျှပ်စစ် ဓာတ်အားသုံးကာ မိုက်ခရိုဖုန်းနဲ့  စပီကာ အပေါက်တွေ ကနေ အရည်ကို စစ်ထုတ်နိုင်ပုံ နည်းလမ်း အသေးစိတ်ကို ဖော်ပြ ထားတာ တွေ့ ရှိခဲ့ ရပါတယ်။
ဒီ စနစ်ဟာ ဖုန်းထဲမှာ ရေ၀င် သွားပြီဆိုတာကို ဖိအား၊ အလင်းလှိုင်း အလျား နဲ့ အစိုဓာတ် အာရုံခံ ကိရိယာတွေကနေ သိရှိနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ မူပိုင်ခွင့်လျှောက်လွှာမှာပါတဲ့ နောက်ထပ်တီထွင်မှုအသစ်တစ်ခုကတော့ စပီကာပေါက်အပြင်ဘက်မှာ လျှပ်စစ်အမဓာတ် ပါဝင်တဲ့ ဆန်ခါတစ်ခုတပ်ကာ ဖုန်းထဲရေ၀င်ခြင်းကို တားဆီးပေးမှာ ဖြစ်ပါတယ်။
တကယ်လို့ စပီကာထဲရေ၀င်နေပြီဆိုရင်တော့ အဆိုပါဆန်ခါစခရင်မှာ လျှပ်စစ်အဖိုဓာတ်သုံးပြီး ရေကို ဖုန်းအပြင်ရောက်အောင် ဆွဲထုတ်မှာဖြစ်ပါတယ်။
နောက်ဆုံး ရေစိုခံနည်းလမ်းတစ်ခုကတော့ စပီကာကနေ ထွက်ရှိတဲ့အသံလှိုင်းတွေကိုအသုံးပြုကာ ဖုန်းထဲကနေ ရေကို စစ်ထုတ်ပေးမှာဖြစ်ပါတယ်။
Apple ဟာ သူတို့ ဖုန်းတွေ ရေစိုခံနိုင်တယ်ဆိုတာ ဘယ်တော့မှ တရားဝင်ပြောကြားခဲ့ခြင်းမရှိဖူးဘဲ၊ ဖုန်းတွေ ရေ/အရည်ကြောင့် ပျက်စီးမှုကို ခုခံတားဆီးနိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။
Ref : Dailymail
Original link - http://technology.thithtoolwin.com/2015/11/iphones.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |

No comments: