
ဂျပန် ကုမ္မဏီ တစ်ခုဖြစ်တဲ့ NEC ဟာ စိတ်ကူးယဉ် သိပ္ပံ ရုပ်ရှင် ဇာတ်လမ်း ထဲမှာ ပါဝင်တဲ့ gadget တွေလို အရာ တစ်ခုကို ထုတ်လုပ် လိုက်ပြန် ပါတယ်။
ထိုအရာ ကတော့ စမတ်နာရီ တစ်ခုဖြစ်ပြီး Augmented Reality (AR) လို့ခေါ်တဲ့ မှန်တစ်မျိုးနဲ့ အတူ တွဲဖက်ပြီး အလုပ် လုပ်ကာ အသုံးပြုသူရဲ့  လက် ပေါ်မှာ ကီးဘုတ် တစ်ခု အသွင် ဖန်တီးပေးတာ ဖြစ်ပါတယ်။
အသုံးပြုသူကို Iron Man ဇာတ်လမ်းထဲက Tony Stark လောက်ဖြစ်သွားစေမှာပါ။
NEC ကတော့ ထို ကိရိယာကို ArmKeypad လို့ခေါ်ပြီး နောက်နှစ်မှာ စတင်ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ကုမ္မဏီကတော့ ထို ကိရိယာကို အသုံးပြုပုံ ဗီဒီယို တစ်ခုကိုလည်း ဖော်ပြခဲ့ပါသေးတယ်။
ကုမ္မဏီ ရဲ့  ပြောကြားချက်အရတော့ ထို ကိရိယာ ဟာ ဆေးပညာ ၊ ထုတ်လုပ်ရေး နဲ့ လုံခြုံရေး စတဲ့ များပြားသော နယ်ပယ်တွေမှာ အသုံးဝင်နိုင်ပါတယ်တဲ့။
Wall Street Journal ကို NEC ကပြောပြခဲ့တာကတော့ အသံအခြေခံတဲ့ ထည့်သွင်း ကိရိယာတွေနဲ့ မတူတာကတော့ ArmKeypad ဟာ အသံကျယ်လောင်တဲ့ ပတ်ဝန်းကျင်တွေမှာပါ အသုံးပြုနိုင်လိမ့်မယ်လို့ သိရပါတယ်။
အသုံးပြုပုံကိုတော့ အောက်ပါ ဗီဒီယို မှာ ကြည့် ရှုနိုင်ပါတယ်။
Original link - http://technology.thithtoolwin.com/2015/11/blog-post_10.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: