
Apple နဲ့ တခြားသော လမ်းကြောင်းပြ App တွေနဲ့ ယှဉ်ပြိုင်နေရတဲ့ Google Maps ဟာ up-to-date ဖြစ်အောင်၊ features သစ်တွေရရှိအောင် အမြဲ ကြိုးစား လုပ်ဆောင်နေ ပါတယ်။ ခုလည်း အင်တာနက် လိုင်း မရှိရင်တောင် Google Maps က လမ်းကြောင်း ပြပေး နေနိုင်ပါပြီ။
ခရီး အရမ်းသွားတဲ့ လူတွေ၊ Google Maps ကို အရမ်းသုံးတဲ့ သူတွေ အတွက် အရမ်းကောင်း သွားပါတယ်။ နိုင်ငံပြင်ပ တစ်နေရာရောက်လို့ Roam လုပ်ပြီး မြေပုံ download လုပ်၊ ဦးတည်ရာ ရှာရတာဟာ အရမ်း ဈေးများ ပါတယ်။ ဒါပေမဲ့ Google မှာတော့ ဖြေရှင်းချက် တစ်ခု ရှိပါတယ်။ ခရီးမသွားခင်မှာ သွားမယ့် မြေပုံတွေနဲ့ တခြားဒေတာတွေကို Google Maps က download လုပ်ခွင့် ပေးထားပါတယ်။ လောလော ဆယ်တော့ Android မှာပဲ ရသေး တယ်လို့ သိရပါတယ်။
မြို့တစ်မြို့၊ စီရင်စုတစ်စု၊ ဒါမှမဟုတ် နိုင်ငံတစ်ခု ကိုရှာပြီး 'Download' ဆိုတာကိုနှိပ်ကာ နယ်မြေ တစ်ခုကို ခင်ဗျား download လုပ်နိုင် ပါတယ်လို့ Google ကပြောပါတယ်။ ပြီးရင် အဲ့ဒီ့မြေပုံနဲ့ အင်တာနက်လိုင်း မကောင်းတဲ့နေရာ၊ မရှိတဲ့နေရာကို ခင်ဗျားရောက်သွားရင် Google Maps က အလိုအလျောက်ပဲ Offline mode ကို ပြောင်းပေးပါလိမ့်မယ်။
အင်တာနက် လိုင်းကောင်းတဲ့နေရာမှာတောင် အင်တာနက်ဒေတာ ပိတ်ပြီးသုံးနိုင်တဲ့အတွက် အင်တာနက်ဖိုး သက်သာပါတယ်။ အင်တာနက် ချိတ်လိုက်ပြီးဆိုရင်လည်း Google Maps က Online mode ကို အလိုအလျောက် ပြန်ပြောင်းပေးပါတယ်။
Ref: forbes
Original link - http://technology.thithtoolwin.com/2015/11/google-maps.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: