
အပင်တွေ တကယ် ရေလိုအပ်မှ ရေဖြန်း ပေးမယ့် စမတ် ရေဖြန်းကိရိယာ တစ်ခုကို ETwater ကုမ္ပဏီ ကနေ ထုတ်လုပ် လိုက်ပါပြီ။
သင့်ရဲ့ ရေဖြန်း ကိရိယာမှာ Timer (အချိန် သတ်မှတ်) စနစ်ကို ထည့်သွင်း ထားခြင်းဟာ သင့် အပင်တွေကို အချိန်ကိုက် ရေမဖြန်း မိခြင်းကို ရှောင်ရှားဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။
ဒါပေမဲ့ အချိန် သတ်မှတ် ထားပြီး ပြန်ဖြုတ်ဖို့ မေ့သွား တာမျိုးက အကောင်းဆုံး နည်းလမ်း မဟုတ်ပါဘူး။ မိုးရွာတဲ့ အပတ် အတွင်းမှာ Timer ကို ဖြုတ်ဖို့ မေ့သွားတယ် ဆိုရင် ဘာဖြစ် ပါမလဲ။ ဒါဆိုရင် ရေတွေကို ဖြုန်းတာ ဖြစ်ပြီး အပင်တွေကို ရေနှစ် သတ်နေ တာပါပဲ။
ET water လို့ခေါ်တဲ့ ကုမ္ပဏီ တစ်ခုက ပိုကောင်းတဲ့ အလို အလျောက် ဖြေရှင်းချက် တစ်ခုကို ထုတ်ပေး လိုက်ပါတယ်။ ဒါကတော့ အပင်တွေ ရေတကယ် လိုအပ်မှ ရေဖြန်းပေးမယ့် စမတ်ရေဖြန်း ကိရိယာ ပါပဲ။
ETwater ရဲ့ ရေဖြန်း ကိရိယာ ဖြေရှင်းချက်မှာ အာရုံခံ ကိရိယာ ပေါင်းစပ်မှုကို အသုံးပြု ထားပါတယ်။ သင့်အပင်တွေက ရေဘယ်လောက် များများ လိုအပ်တယ် ဆိုတာကို တွက်ချက်ဖို့ လက်ရှိ ရာသီဥတု အချက် အလက် ကိုလည်း ကြည့်ပေးပါတယ်။
အကယ်၍ မိုးရွာနေတယ် ဆိုရင်၊ ဒီတစ်ပတ် အတွင်းမှာ စနစ်က ရေနည်းနည်းပဲ ဖြန်းပေး တော့မှာပါ။
ဒီရေဖြန်း ကိရိယာက မြေအနေ အထားကိုလည်း လိုက်ကြည့် ပေးပါတယ်။ မြေဆီလွှာနဲ့ အပင် အမျိုးအစား၊ မြေလျှောစောက်၊ ရေကုန် သွားလျှင် ထပ်ဖြည့်ပေးမှု စတာတွေ ကိုပါ ထိန်းညိ ပေးမယ်လို့ သိရပါတယ်။
ETwater ရဲ့စနစ်ဟာ ရေသုံးစွဲ မှုကို ၅၀ ရာခိုင်နှုန်း လျော့နည်း စေတယ်လို့ ETwater ကုမ္ပဏီက ပြောပါတယ်။
Ref: engadget
Original link - http://technology.thithtoolwin.com/2015/11/blog-post_34.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |

No comments: