
UAE နိုင်ငံသား ခံယူလိုက်တဲ့ အီဂျစ်နိုင်ငံသား လူငယ် တီထွင်သူ တစ်ယောက် အကြောင်း သတင်းတွေဟာ သတင်း ခေါင်းစီးတွေမှာ နာမည်ကြီး ခဲ့ပြီး လူမှု မီဒီယာပေါ်မှာ အစွန်းရောက် တုံ့ပြန်ချက် တွေလည်း ရရှိခဲ့ ပါတယ်။
အသက် ၁၇နှစ် ရှိပြီဖြစ်တဲ့ Mostafa Magdi Al Sawi ဟာ ၈ တန်း ကတည်းက စမတ်ရေကာတာ တည်ဆောက်မှု အတွေး အမြင်ကို တီထွင် ဖန်တီးခဲ့သူပါ။ လျှပ်စစ် စွမ်းအင် ကင်းမဲ့ခြင်း၊ ရေပြတ်လပ်ခြင်း စတဲ့ ပြဿနာတွေကို ဖယ်ထုတ်ဖို့ အတွက်လို့ သိရ ပါတယ်။
အီဂျစ် သတင်းစာ AI Masry AI Youm ရဲ့ အဆိုအရ၊ ဒီအကြံအ စည်ဟာ "ပင်လယ်ထဲက ရေကို ကုန်းလျှောလုပ်ပြီး လှည့်လည်ကာ ၆၀၀ မီဂါဝဘ်ရှိ တာဘိုင် ၇ ခုသို့ ပေးပို့ရန် ရေကာတာ ဆောက်ဖို့" ဖြစ်တယ်လို့ သိရပါတယ်။ မြေပြင် လေထက်ကို ၇၀ရာခိုင်နှုန်း ပြင်းထန်တဲ့ မျက်နှာပြင် လေအသုံးကို ဖန်တီးပြီး ပြုလုပ်မှာ ဖြစ်ပါတယ်။
UAE နိုင်ငံဟာ သူ့ရဲ့ ဇ (talent) ကို ချီးမြှောက်ပြီး သူ့ကို အကောင်းဆုံး ကျောင်းမှာ ထားပေး ခဲ့ကြောင်း၊ နိုင်ငံသား အဖြစ်လည်း အပ်နှင်း ခဲ့ကြောင်း၊ ဒီအတွက် နိုင်ငံတကာ ပွဲတွေမှာ UAE နိုင်ငံကို သူ ကိုယ်စားပြုမှာ ဖြစ်ကြောင်း AI Sawi ကပြောပြ ခဲ့ပါတယ်။
AI Swai ဟာ သူ့နိုင်ငံကို စွန့်ပစ်ပြီး UAE နိုင်ငံကို ကိုယ်စားပြု ခဲ့တဲ့အတွက် လူမှု ကွန်ရက်က လူတွေဟာ သူ့ကို 'သစ္စာဖောက်' လို့ ခေါ်ခဲ့ကြပါတယ်။
"UAE က ကျွန်တော့်ကို အရာရာပေးတယ်။ အီဂျစ်က ဘာမှ မပေးဘူး။" လို့ AI Swai က သတင်းစာကို ပြောပြ ခဲ့ပါတယ်။
Ref: Yahoo!
Original link - http://technology.thithtoolwin.com/2015/11/uae.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |

No comments: