တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, November 3, 2015

လမ်းလျှောက်ကာစကလေး အများစုဟာ စမတ်ဖုန်း အသုံးပြုနေဟုဆို




လမ်းလျှောက်တတ် ကာစ ကလေး အများစုဟာ စမတ်ဖုန်းတွေကို အသုံးပြုလျှက် ရှိတယ်လို့ North Philadelphia မှ လေ့လာမှု သစ်တစ်ရပ် အရ သိရပါတယ်။

ဆင်းရဲတဲ့ ကလေးငယ်တွေတောင် စမတ်ဖုန်းတွေ အသုံးပြုလာတာဟာ သိသိသာသာများလာကြောင်း ဒီလေ့လာမှုက ပထမဆုံးအကြိမ်အဖြစ် တင်ပြခဲ့တာပါ။ ဒီလေ့လာမှုကို ဝင်ငွေနည်းနဲ့ လူနည်းစု မိသားစုတွေစီမှာ လေ့လာမှုပြုခဲ့တာပါ။

ဒီကလေးတွေဟာ စမတ်ဖုန်းတွေနဲ့ တက်ဘလက်တွေ မရှိတဲ့ မိသားစုတွေမှာ ဖြစ်လေ့ရှိပါတယ်။ နည်းပညာဆိုတာ ပိုက်ဆံရှိတဲ့ လူတွေအတွက်ပါပဲ။ ဒါပေမဲ့ အိုင်းစတိုင်းဆေးစင်တာ ကနေပြုလုပ်ခဲ့တဲ့ ဒီလေ့လာမှုအရ ဒီဂျစ်တယ်နည်းပညာက လူတန်းစား သိပ်မဟတော့ဘူးဆိုတာကို ပြသလာပါတယ်။

ကလေးတွေဟာ လမ်းမလျှောက်တတ်ခင်၊ စကားမပြောတတ်ခင်မှာတင်၊ တော်တော်များများက စမတ်ဖုန်းတွေကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ သိကြတာ ပုံမှန်လို ဖြစ်လာပါပြီ။

မိဘအများစုဟာ သူတို့ရဲ့ ကလေးတွေကို အာရုံလွှဲပြီး ဖျော်ဖြေဖို့အတွက် နည်းပညာကို သုံးကြပြီး ၂၈ရာခိုင်နှုန်းလောက်ကတော့ ကလေးတွေ အိပ်ပျော်သွားစေဖို့အတွက် သုံးကြတယ်လို့ လေ့လာမှုက ပြသခဲ့ပါတယ်။

Ref: CBS Philly

Original link - http://technology.thithtoolwin.com/2015/11/blog-post_3.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: