
Google ရဲ့ ‘Project Wing’ လို့ခေါ်တဲ့ စီးပွားရေးသုံး ဒရုန်းတွေကို ၂၀၁၇ ခုနှစ်မှာ စတင်မယ်လို့ သိရ ပါတယ်။
သယ်ယူ ပို့ဆောင်ရေး ဘက်မှာ သုံးဖို့ ရည်ရွယ် ထားကြောင်း Google ကပြော ခဲ့ပါတယ်။ Google ဟာ ဒရုန်း မှတ်ပုံတင် ဖြစ်မြောက်ရေး အတွက် ဗဟို အစိုးရလေကြောင်း ကြီးကြပ်ရေး နဲ့တွဲဖက် လုပ်ဆောင် ခဲ့တဲ့ ကုမ္ပဏီများ အနက်က တစ်ခုလည်း ဖြစ်ပါတယ်။
လေကြောင်းယာဉ်ကြော ထိန်းချုပ်ရေး စနစ်ဖြစ်မြောက်ရေး အတွက်လည်း Google ကလုပ်ဆောင် နေပါတယ်။
ဒီလေကြောင်း ယာဉ်ကြော ထိန်းချုပ်ရေး စနစ်နဲ့ ပတ်သက်တာကို ဒီဇင်ဘာ ၂၀ရက်နေ့မှာ Google က ချပြ တော့မှာပါ။ ဒရုန်းမောင်းနှင် သူတွေအနေနဲ့ ဘယ်နေရာကို မောင်းမှာလဲ၊ ဘယ်အချိန် မောင်းမှာလဲ၊ ဘယ်လို မောင်းမှာလဲ စတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဂရုတစိုက် လုပ်ဆောင် စေဖို့ အတွက်ပါ။
“၂၀၁၇ ခုနှစ်မှာ စတင်ပြေးဆွဲပြီး စီးပွားရေး လုပ်ငန်း လုပ်ဖို့ကို ကျွန်တော်တို့ မျှော်မှန်း ထားပါတယ်။” လို့ ‘Project Wing’ ရဲ့ ခေါင်းဆောင် David Vos ကပြော သွားပါတယ်။
Ref:Reuters
Original link - http://technology.thithtoolwin.com/2015/11/google-project-wing.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: