တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 29, 2015

လူပုံစံတူ ရွေ့လျားအရုပ် တီထွင်နိုင်ခဲ့သည့် အဘိုးအို (ရုပ်သံ)




တရုတ်နိုင်ငံ အနောက် မြောက်ပိုင်း၊ ဂျီလင်း ခရိုင်ထဲက အသက် ၆၃ နှစ် အရွယ် အငြိမ်းစား အဘိုးအို တဦးဟာ ရိုဘော့ နည်းပညာ အသုံးပြုပြီး လူပုံစံတူ အရုပ်ကို တီထွင်နိုင် ခဲ့ပါတယ်။

အရပ် အမြင့် ၁ ဒဿမ ၇ မီတာရှိတဲ့ အဲဒီ အရုပ်ဟာ လည်ပင်း၊ ခါးနဲ့ ခြေလက် အင်္ဂါတွေပါ ရွေ့လျားနိုင်ပြီး မျက်တောင် ခပ်တာတွေ၊ ဂီတနဲ့ အတူ ကခုန် တာတွေပါ လုပ်နိုင် ပါတယ်။

လီဇူချန်း အမည်ရ အဲဒီ အဘိုးအိုဟာ အဲဒီ အရုပ်ကို တီထွင်ဖို့ အချိန် ၈ နှစ် ကြာမြင့်ခဲ့ပြီး ဒေသတွင်း အရောင်း စတိုး တခုကို ရောက်ခဲ့ ရာက စိတ်ကူးရ ခဲ့တယ်လို့ ဆိုပါတယ်။

လီက “ကျနော် စတိုးဆိုင် တခုမှာ ဈေးဝယ် ထွက်တုန်းက အ၀တ်အစား တွေဝတ် ဆင်ပေး ထားတဲ့ လူပုံစံတူ အရုပ်တွေ အများကြီး တွေ့ခဲ့တယ်။ အရုပ်တွေမှာ တခုခု ပျောက် ဆုံးနေ သလို ခံစား ရတယ်။ အရုပ်တွေလည်း ရွေ့လျား သင့်တယ်။ အဲဒီ အချိန် ကတည်းက ကျနော် ဆုံးဖြတ်ခဲ့တယ်။ ကျနော် အငြိမ်းစား ယူချိန်ကျရင် ရိုဘော့ နည်းပညာ သုံး ရွေ့ လျားနိုင်တဲ့ လူပုံစံတူ အရုပ် တီထွင် မယ်လို့” ပြောပါတယ်။

လီဟာ စက်ပြင် တယောက် အဖြစ် အသက်မွေး ခဲ့တာဖြစ်ပြီး လျှပ်စစ်နဲ့ ပတ်သက်ပြီး ဘာမှ မသိဘူးလို့ ဆိုပါတယ်။

သူဟာ လူပုံစံတူ အရုပ် တီထွင် မှုအောင်မြင်ဖို့ နှစ်ပေါင်း များစွာ လေ့လာ ခဲ့ရပြီး မိတ် ဆွေသူငယ်ချင်းတွေကို အကြိမ် ရာနဲ့ချီ ပြသ ခဲ့ရတာပါ။

“ကျနော် ကွန်ပျူတာ စနစ်သုံး ချစ်ပ်ပြားတွေ၊ တခြား ဆားကစ်နဲ့ ဆိုင်တဲ့ အခြေခံတွေကို လေ့လာ ခဲ့ရတာပါ။ တခါ တရံမှာ အကြမ်းရေးခြစ် ထားတာတွေ ပြီးပေမယ့် ရှုပ် ထွေးနေ တာတွေလည်း ရှိတယ်” လို့ လီက ပြောပါတယ်။

ခုလို တီထွင်မှု အတွက် လီဟာ ယွမ်ငွေ ၁ သိန်းခွဲလောက် ကုန်ကျခဲ့ ရပြီး တီထွင်မှု ဆိုင်ရာ မူပိုင်ခွင့် အတွက် စဉ်းစားနေကာ ဖွံ့ဖြိုး တိုးတက်အောင် ဆက်လုပ် သွားမယ်လို့ ဆို ပါတယ်။


by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/124778

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

aj

No comments: