တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 29, 2015

၅ ဒေါ်လာသာ ကျမယ့် Raspberry Pi ရဲ့ နောက်ဆုံးပေါ် ကွန်ပျူတာ




ဒီနှစ်ပိုင်း အတွင်းမှာ၊ Raspberry Pi ဖောင်ဒေးရှင်း ဟာ တက္ကသိုလ် တွေနဲ့ ဝါသနာရှင် တွေကို ကိုယ်တိုင်လုပ် ကွန်ပျူတာ ပရောဂျက်တွေ ဖန်တီးနိုင်ဖို့ အတွက် တစ်ပိုင် တစ်နိုင် ဘုတ်တွေကို ဖန်တီးပေး ခဲ့ပါတယ်။

ဒီနေရာမှာတင် ရပ်မသွား ခဲ့ပါဘူး။ ဒီနေ့ Raspberry Pi ကုမ္ပဏီဟာ ပရိုဂရမ်ရေးလို့ ရတဲ့ နောက်ဆုံးပေါ် ကွန်ပျူတာ ဘုတ်ကို ထုတ်ဖော် ပြသ ခဲ့ပါတယ်။

ဒီ ကွန်ပျူတာ ဘုတ်တစ်ခုကို ၅ ကန်ဒေါ်လာ ပဲပေးရပါမယ်။ Broadcom BCM2835 အပလီကေးရှင်း ပရောဆက်ဆာ ( 1GHz ARM11 core) ကို အသုံးပြု ထားပြီး RAM အနေနဲ့ 512 MB ပါရှိပါမယ်။

microSD ကတ် ဆိုက်လို့ရပြီး 1080p (60 frames per second) အရည် အသွေးကို အထောက်အပံ့ ပေးတဲ့ mini-HDMI ပေါက် ပါရှိပါတယ်။ micro-USB ပေါက် တွေလည်း ပါရှိပါတယ်။

ဒီကွန်ပျူတာဟာ အရွယ်အစား အလွန်သေးပေမဲ့ လုပ်ဆောင်နိုင်စွမ်း တော်တော် များတယ်လို့ သိရပါတယ်။ အရွယ်အစားက 65mmx 30mm ဆိုတဲ့ အတွက် credit ကတ်ထက်တောင်မှ သေး ပါသေးတယ်။

Ref: engadget

Original link - http://technology.thithtoolwin.com/2015/11/raspberry-pi.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: