
လေယာဉ်မှူးဟောင်း တစ်ယောက်ဟာ ကမ္ဘာ့ ပထမဆုံး စက္ကူ လေယာဉ်ကို ဒရုန်း လေယာဉ် အဖြစ် ပြောင်းပေးတဲ့ စက်ကို တီထွင် လိုက်ပါတယ်။
PowerUp FPV လို့ ခေါ်တဲ့ ဘက်ထရီ အားသုံး စက်ဟာ အဆုံးနှစ်ဖက်မှာ ပန်ကာနှစ်ခု တပ်ဆင်ကာ၊ ထိပ်မှာ ရေဒီယို လှိုင်းဖမ်းစက် (receiver) တပ်ဆင်ထားပြီး ဘယ်စက္ကူ လေယာဉ်မှာ မဆို တပ်ဆင်နိုင် ပါတယ်။
ဒီ့အပြင် livestream လွှင့်ပေးနေမယ့် ကင်မရာတစ်လုံးပါ ပါရှိတာမို့ အောက်က ထိန်းချုပ်မောင်းနှင်သူဟာ တကယ့် လေယာဉ်ပဲ့ခန်း ထဲမှာ ထိုင်မောင်းနေသလို ခံစားရမှာဖြစ်ပါတယ်။
လေယာဉ်မှူးဟောင်း Shai Goitein ဟာ လေယာဉ်မောင်းရတဲ့ ရင်ခုန် စရာအတွေ့ အကြုံကို လူတိုင်းကို ခံစား စေချင်တာမို့ စက္ကူလေယာဉ်မှာ တပ်မောင်းရတဲ့ gadget တစ်မျိုးကို တီထွင်ခဲ့ပြီး တကယ့် လေယာဉ် မောင်းနေ ရသလို ခံစားမှုမျိုးပေးမယ့် virtual reality headset ကိုပါ ထည့်သွင်း ထားပါတယ်။
အဆိုပါ gadget တပ်ထားတဲ့ စက္ကူလေယာဉ်ကို smartphone app တစ်ခုကနေ ထိန်းချုပ်နိုင်ပြီး ဖုန်းကို ဂိမ်းကစား သလို တိမ်းစောင်း လိုက်တာနဲ့ လေယာဉ်ရဲ့ ဦးတည်ရာကို ပြောင်းလဲနိုင်ပါတယ်။ ဒီ gadget မှာ ထောင့်အကျယ် လှည့်နိုင်တဲ့ ကင်မရာတစ်လုံးလည်း ပါရှိပြီး စမတ်ဖုန်း ဆီကို တိုက်ရိုက် ဗီဒီယို လွှင့်ပေးနေမှာ ဖြစ်ပါတယ်။
တစ်နာရီကို ၂၀ မိုင်နှုန်းနဲ့ ၁၀ မိနစ် တိတိ ပျံသန်းနိုင်ပြီး ခေတ်မှီ Bluetooth နည်းပညာ အကူအညီနဲ့  ပေ ၃၀၀ အကွာ အဝေးထိ ထိန်းချုပ် ပျံသန်းနိုင် တယ်လို့ ဆိုပါတယ်။
ဒီထက် မိုက်တာကတော့ တကယ့်လေယာဉ်လိုပဲ၊ စက္ကူလေယာဉ်ကို autopilot mode လည်း ပြောင်းနိုင်ပြီး လေယာဉ်က အလိုအလျောက် ပျံသန်းနေတာကို လည်း ကြည့်နိုင်မှာဖြစ်ပါတယ်။
Mr Goitein ဟာ သူ့ ရဲ့ ဆန်းသစ်တဲ့ တီထွင်မှုကို ယခုအခါ ရန်ပုံငွေ ရှာဖွေရေး ၀က်ဘ်ဆိုဒ် Kickstarter မှာ ရန်ပုံငွေရှာ အစီအစဉ် တစ်ခု လုပ်ထားပြီး ဈေးကွက်ဝင် ထုတ်လုပ်နိုင်ဖို့ မျှော်လင့်လျက် ရှိပါတယ်။
ရန်ပုံငွေအနေနဲ့ ယခုအခါ ပေါင် တစ်သိန်းနှစ်သောင်းကျော် ရရှိထားပြီး ဒီ gadget ကို ၁၅၉ ဒေါ်လာနဲ့ ကြိုတင် မှာယူနိုင် တယ်လို့ သိရပါတယ်။
ဒါဟာ Mr Goitein ရဲ့ ဒုတိယမြောက် တီထွင်မှုဖြစ်ပြီး၊ မနှစ်ကလည်း PowerUp 3.0 ဆိုတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း ထိန်းချုပ် စက္ကူလေယာဉ်ကို တီထွင်ခဲ့သူဖြစ်ပါတယ်။
Ref : Mirror
Original link - http://technology.thithtoolwin.com/2015/11/blog-post_26.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |

No comments: