တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 25, 2015

Facebook ရဲ့ Profile Picture နေရာက ပြင်သစ် အလံပုံစံ Filter ကို ဘယ်လိုပြန်ပြောင်းမလဲ




ပါရီ အကြမ်းဖက် တိုက်ခိုက်မှု ပြီးကတည်က Facebook သုံးစွဲသူ အများစု ဟာ Profile Picture တွေကို ပြင်သစ်နိုင်ငံရဲ့ အလံနဲ့ ဓါတ်ပုံ ရောနှောပြီး ပြောင်းလဲ ထားကြတာကို တွေ့ရပါတယ်။

လူမှုကွန်ရက် က အသုံးပြုသူတွေကို ပါရီ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့ သူတွေနဲ့ ပြင်သစ်နိုင်ငံ ကို ကူညီကြစို့ ဆိုတဲ့ စာသားနဲ့ အတူ သုံးစွဲ သူတွေရဲ့ Profile Picture တွေကို ပြောင်းလဲခွင့် ပေးခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ သုံးစွဲသူတွေ စိတ် အနှောင့်အယှက် ဖြစ်ခဲ့ ရတာက အဲဒီ ပြင်သစ်အလံ Filter ကို ဘယ်လို ပြန်ပြောင်း ရမလဲ ဆိုတာပါပဲ။

အကယ်၍ သင်ဟာ Filter ကို စတင် အသုံးပြု ကတည်းက အချိန်တစ်ခု သတ်မှတ် ရွေးချယ် ထားမယ်ဆိုရင်တော့ ထို ပြင်သစ်နိုင်ငံ အလံပုံစံ Filter ဟာ အလိုလျောက် ပျောက်ကွယ် သွားမှာပါ။

မဟုတ်ရင်တော့ သင့်အနေနဲ့ Profile Picture မှာ ကလစ်နှိပ်ပြီး Option ထဲမှာ "Update Profile Photo" ကို ရွေးချယ်ရမှာပဲဖြစ်ပါတယ်။ အဲဒီက တဆင့် သင့်ရဲ့ ဓါတ်ပုံအဟောင်း (သို့) အသစ်တစ်ခုကို ရွေးချယ်ခွင့်ပေးမှာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းထဲမှာတော့ Facebook သုံးစွဲသူ အချို့အတွက် ပြင်သစ်နိုင်ငံ အလံ ပုံစံ Filter ကို ဘယ်လိုပြောင်းလဲ ရမှန်းမသိဖြစ်တဲ့ ပြဿနာ တွေ အမြောက်အများ ပေါ်ထွက် လာခဲ့ပါတယ်။

သုံးစွဲသူတစ်ယောက်ကတော့ "ဒါဟာ Facebook အနေနဲ့ ပြင်ဆင်သင့်တဲ့ အရာပါ။ ငါတို့ဟာ Facebook Pro Picture မှာ အလံကို ဘယ်လောက် ထားမယ်ဆိုတာ ရွေးချယ် ထားပါတယ်။ ဒါပေမယ့် အဲဒါက အလုပ် မလုပ်ပါဘူး။ စိတ်ပျက်ဖို့ ကောင်းပါတယ်။ အမှန် တစ်ကယ်က ငါတို့ဘာမှ လုပ်စရာမလိုပဲ အလိုလျောက် ဖြစ်လာ သင့်တာပါ" လို့ ရေးသား ထားပါတယ်။

Ref : Mirror

Original link - http://technology.thithtoolwin.com/2015/11/facebook-profile-picture-filter.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: