တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 5, 2015

Facebook ကို ပျက်ရက်မရှိ အသုံးပြုသူပေါင်း ၁ ဘီလီယံရှိ




Facebook ရဲ့ တိုးတက်နှုန်းက ရပ်တန့်သွားဖွယ် မရှိပါဘူး။ Facebook ကို နေ့စဉ် ပျက်ရက်မရှိ အသုံးပြုသူပေါင်း ၁ ဘီလီယံ ရှိတယ်လို့ ဒီကနေ့ သတင်း ထုတ်ပြန် ပါတယ်။

သြဂုတ်လတုန်းက Facebook မှာ တစ်နေ့တစ်နေ့ အသုံးပြုသူပေါင်း ၁ ဘီလီယံ ရှိတယ်ဆိုတဲ့ မိုင်တိုင်ကိုပါ ကျော်သွားခဲ့တာပါ။ နောက်လဆို ဒါ ပုံမှန်ဖြစ်သွားပါပြီ။ ဒါဟာ နှစ်အလိုက်တွက်မယ်ဆိုရင် ၁၇ရာခိုင်နှုန်း တိုးတက်လာခဲ့တာပါ။

လစဉ်မပျက် အသုံးပြုသူ အရေအတွက်ဟာ ၁.၅၅ ဘီလီယံဖြစ်သွားပြီး ၁၄ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ Facebook ကြော်ငြာဝင်ငွေတွေရဲ့ ၇၈ရာခိုင်နှုန်းဟာ မိုဘိုင်းဖုန်းတွေကနေရတာကို ဆက်လက်မြင်တွေ့နေရပါတယ်။

“ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းကို တာဝန်ထမ်းဆောင်ဖို့နဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ချိတ်ဆက်ဖို့အတွက် ရေရှည် ရင်းနှီးမြှုပ်နှံဖို့နဲ့ အတွေးအမြင်သစ် ဖြစ်လာဖို့ကို အာရုံစိုက်နေပါတယ်။” လို့ အမှုဆောင်အရာရှိချုပ် Mark Zuckerberg ကပြောခဲ့ပါတယ်။

Ref: enadget

Original link - http://technology.thithtoolwin.com/2015/11/facebook.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: