တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 5, 2015

ပြိုင်ဘက်တွေကို စိန်ခေါ်မယ့် Huaweiရဲ့ Processor အသစ်




Huawei ဟာ အခုဆိုရင် ဥရောပရဲ့ ဒုတိယအကြီးဆုံး Android brand တစ်ခုဖြစ်လာပြီလို့ Kantar ဝဘ်ဆိုဒ်ရဲ့ သတင်းအရ သိရပါတယ်။

ဒါပေမဲ့ အောင်ပွဲခံဖို့အချိန်မရှိသလောက်ပါပဲ။ Huawei Mate S နဲ့ Nexus 6P ကို ထုတ်လို့မှ မကြာသေးဘဲ Mate 8 ကိုလဲ မကြာခင်မှာထွက်ရှိဖို့ ကြိုးပမ်းနေပါတယ်။ နိုဝင်ဘာ ၂၆ရက်နေ့လောက်ပါ။

ဒီ စမတ်ဖုန်းအသစ် အကြောင်းကိုတော့ လူတွေ သိပ်မသိသေးပါဘူး။ ဒါပေမဲ့ ဒီနေ့ ထုတ်ပြန်ခဲ့တဲ့အတိုင်း Kirin 950 chipset ကို အသုံးပြုမှာပါ။ စွမ်းဆောင်ရည် တိုးတက်ဖို့အတွက် 16nm FinnFET Plus နည်းပညာကို ပထမဆုံးအသုံးပြုဖို့အတွက်ကို Apple A9 Chip နဲ့ ပူပေါင်းထားပါတယ်။

အရင် Kirin Processor လိုပဲ Kirin 950 မှာ octa-core ပါရှိပြီး Cortex-A72 ၄လုံး နဲ့ Coretex-A53 ၄လုံး အသုံးပြုထားပါတယ်။ ARM ရဲ့ Mali-T880 GPU ကိုအသုံးပြုထားတဲ့အတွက် Mate 8 ပေါ်မှာ ဆော့တဲ့ဂိမ်းတွေက အရမ်းလန်းနေမှာပါ။

Ref: engadget

Original link - http://technology.thithtoolwin.com/2015/11/huawei-processor.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: