တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း

Sunday, November 22, 2015

Google အကောင့် မလိုပဲ Hangouts ကို ဧည့်သည် အဖြစ် ယာယီ အသုံးပြုနိုင်မယ်




အွန်လိုင်း တွေ့ဆုံမှု တစ်ခု ပြုလုပ်မယ် ဆိုရင် စည်းမျဉ်း စည်းကမ်းတွေကို အရင် လိုက်နာ ကျင့်သုံးနေ ရတာဟာ အဆိုးရွားဆုံး အရာ တစ်ခုပါ။ ဒါပေမယ့် အခုက စပြီး ပိုမို လွယ်ကူ သွားတဲ့ လုပ်ဆောင် ချက်တွေ ပေါ်လာပါပြီ။ အဲဒါကတော့ Hangouts မှာ တွေ့ဆုံဖို့ အတွက် သင့်မှာ Google အကောင့် တစ်ခု ရှိနေစရာ မလို အပ်တော့ပါဘူး။

ဒီလို Link တစ်ခုရှိရုံနဲ့ အသုံးပြုနိုင်တော့မယ်ဆိုတဲ့ စနစ်ကို သင် ကြားဖူးမှာပါ။ ပြီးခဲ့တဲ့ လ တုန်းကလည်း Skype ဟာ အလားတူ လုပ်ဆောင်ချက်တစ်ခုကို လုပ်ခဲ့ပါသေးတယ်။ URL အခြေခံတဲ့ ဖိတ်ခေါ်ခြင်း စနစ်ကို ထည့်သွင်းထားပြီး ထို ဖိတ်ခေါ်စနစ်ဟာ ဧည့်သည်တွေကို အကောင့် တစ်ခုပိုင်ဆိုင်စရာ မလိုပဲ စကားပြောနိုင်အောင် ခွင့်ပြုပေးထားပါတယ်။

Google ရဲ့ ဗားရှင်းမှာတော့ Link ကို ပြက္ကဒိန် အခြေခံ အခမ်းအနား ဖိတ်ကြားစနစ်ထဲ တိုက်ရိုက်ထည့်သွင်းလိုက်ပြီး အခမ်းအနား ကို စတင် စီစဉ်သူတွေအနေနဲ့ ဧည့်သည် အသုံးပြုသူ တွေ တွေ့ဆုံမှုကို လာရောက် ဆက်သွယ်တဲ့အခါမှာ လက်ခံမယ် ၊ လက်မခံဘူးကို ခွင့်ပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ ရိုးရှင်းတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ အွန်လိုင်းမှာ ဗီဒီယို နဲ့ တွေ့ဆုံမှုတွေကို Google အကောင့်မရှိသူတွေအနေနဲ့လည်း ဧည့်သည် အသုံးပြုသူ တစ်ယောက်အဖြစ် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

Ref : Engadget

Original link - http://technology.thithtoolwin.com/2015/11/google-hangouts.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: