
ခင်ဗျားရဲ့ ဖုန်းပေါ်မှာ သီချင်း စပ်ချင်တဲ့ အိုင်ဒီယာ ရှိတယ် ဆိုပါစို့။ ပုံမှန် အားဖြင့်တော့ iOS ပေါ်မှာဆိုရင် GrageBand ဆိုတဲ့ App ရှိပါတယ်။ ဒါပေမဲ့ iOS ကိုလဲ ပြောင်းမသုံး ချင်ဘူး၊ Android ဖုန်းပေါ်မှာပဲ ရော့ခ် ချင်တယ် ဆိုရင် ခင်ဗျား အတွက် ကျွန်တော် အခုရှာပေး လိုက်ပါပြီ။
Open Labs ကုမ္ပဏီက Stagelight ဆိုတဲ့ Android ဗားရှင်းတစ်ခုကို ထုတ်လုပ်ထားပါတယ်။ Stagelight က ဂီတဖန်တီးတဲ့ App ပါ။ အခမဲ့ပဲ စပေးထားပါတယ်။ ခင်ဗျား ဦးဆုံးဖန်တီးမယ့် သီချင်းတွေကို ရေးသားဖို့ရာ ကူညီပေးမယ့် သင်ကြားမှုတွေ ဒီထဲမှာ ပါရှိပါတယ်။
ခင်ဗျားရဲ့ ဇ (Talent) ကိုထပ်ချဲ့ချင်သလောက်ပဲ ပိုက်ဆံပေးရမှာပါ။ GarageBand လိုပေါ့။ Samples တွေနဲ့ features သစ်တွေအတွက်ကို App ထဲမှာတင်ဝယ်နိုင်ဖို့ in-App Store ပါရှိပါတယ်။
ဂီတ အခြေခံအချက်တွေကို နားလည်ဖို့ပဲဖြစ်ဖြစ်၊ နောက်ပိုင်းမှ မွမ်းမံနိုင်တဲ့ အကြမ်းထည်တွေကို ဖန်တီးလိုလို့ပဲဖြစ်ဖြစ် Stagelight App ကို ခုပဲ down ပြီးသုံးကြည့်လိုက်ပါ။
Ref: engadget
Original link - http://technology.thithtoolwin.com/2015/11/android-stagelight.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |

No comments: