တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, November 14, 2015

ကာတွန်းစာအုပ် ချစ်သူများ အတွက် Google Play Books ကို အပြောင်းအလဲလုပ်




ComiXology နဲ့ Marvel Unlimited တို့လို App တွေနဲ့ ကာတွန်း စာအုပ်တွေ ဖတ်လို့တော့ ရနေပါတယ်။ Google ကလည်း သူ့ပရိသတ်တွေနဲ့ ပိုနီးစပ်ဖို့ရာ ကြိုးစား လုပ်ဆောင် နေပါတယ်။

Play Booksမှာ ကာတွန်းတွေ အလွယ်တကူရှာဖတ်လို့ ရလာအောင် ရွေးချယ်ချက်သစ်တွေ မကြာမှီ ရရှိလာဖို့ ရှိပါတယ်။

ပထမဆုံး Google Play က လှန်လှောဖတ်ရှု (scrolling) လုပ်ဖို့အတွက်ကို လုပ်ပေးမှာပါ။ မိုဘိုင်းတွေနဲ့ ဖတ်ရှုရာမှာ ရှုပ်ထွေးခြင်းမရှိအောင် ဘေးတိုက်ဖတ်လို့ရတဲ့ ပုံစံနဲ့ပေါ့။ တစ်ခုခုကို ရှာဖွေဖတ်ရှုရာမှာလည်း စုစည်းရွေးချယ်ထားတဲ့ စာမျက်နှာတွေ၊ ဖတ်လို့ကောင်းမယ့် ကာတွန်းတွေအတွက် အကြံပေးတာတွေ၊ ထုတ်ဝေမှု နဲ့ အတွဲအမှတ်စဉ်အလိုက် ရွေးချယ်နိုင်မှုတွေကို စီစဉ်ပေးခြင်း စတာတွေကိုလည်း Google က ပေါင်းထည့်ပေးမှာပါ။

ကာတွန်းစာအုပ်ဖတ်သူ လူအများအတွက် အဓိကရည်ရွယ်ပြီး Play Books ကို အပြောင်းအလဲလုပ်တာဟာ ဒါ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ Google ကပြောပါတယ်။

Android မှာ နောက် ရက်အနည်းငယ်ဆို စရမှာဖြစ်ပြီး၊ iOs အတွက်ကတော့ မကြာမီလာမည်မျှော်ပါ။

Ref: the Verge

Original link -

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: