တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 15, 2015

USB Drive ထဲ ကို Virus မ၀င်အောင် ဘယ်လိုလုပ်မလဲ ???


ဒီနေ့တော့ ကျနော် USB Drive တွေမှာ အဖြစ်များ တတ်တဲ့ Virus ၀င်နေတဲ့ ပြသနာကို ဘယ်လို မ၀င်အောင် တားမလဲ ဘယ်လို လုပ်ရမလဲလို့ လာမေးနေတဲ့ ညီအကိုများ အတွက်
ကျနော် တင်ပေး လိုက်ပါတယ် .. နည်းကတော့ လွယ်လွယ်လေးပါ ....

ပထမဦးဆုံး ကိုယ့်ရဲ့ USB Drive က data တွေ ကွန်ပျူတာထဲ ကူးထည့်ထားပါ..

ပီးရင် USB ကို Format ရိုက်ပါ....



Format ရိုက်လို့ ပြီးသွားရင် Window+R နှိပ်ပြီး Run box ကနေ CMD ထဲဝင်ပါ ...


ပြီးရင် CMD ကနေ ကျနော်ပြထားတဲ့ Code အတိုင်းရိုက်ပါ.. (convert e: /fs:ntfs)

ဒီနေရာမှာ e ဆိုတာလေး ကတော့ Drive ရဲ့ Name နောက်က ဟာလေးပါ . . i ဆို i , d ဆို d အစားထိုးပြီးရေးပေးပါ. ပီးရင် Enter ခေါက်ပါ ...



သူ့ဘာသူ NTFS System ပြောင်းနေ ပါလိမ့်မယ် ပြီးတဲ့ အထိ စောင့်ပါ..

ပြီးသွားရင် ကိုယ်ထည့်မယ့် ဖိုင်တွေ ကူးထည့်လို့ ရပါပြီ...

ပြီးရင် My computer ထဲမှာ Tools ထဲက Folder Option ကို ဖွင့်ပါ။



ပြီးရင် View Tap ရဲ့ အောက်ဆုံးက Use simple file sharing ကို အမှန်ခြစ် ဖြုတ်ပေးပါ..

ပြီးရင် Apply , OK ပေါ့။


ပြီးရင် My computer ထဲက ကိုယ်ရဲ့ Pen Drive ပေါ်မှာ ညာဘက် ကလစ် လုပ်ပြီး Properties ထဲကို ၀င်ပါ..



security Tab ထဲမှာ ပုံမှန် အားဖြင့်တော့ Full control ဖြစ်နေ လိမ့်မယ်။

Edit ထဲဝင်ပါ...


အဲဒီမှာ Full Control ဆိုတာရယ်၊ Modify ဆိုတာရယ်၊ write ဆိုတာရယ် ကို အမှန်ခြစ် ဖြုတ်ပေး ရပါမယ်။

ပြီးရင်Apply , Ok ပေါ့


ဒီလိုပုံစံ အတိုင်း ဖြစ်ရင်တော့ ရပါပြီ...


ကိုယ်က Full Control ပြန်မလုပ် သရွေ.ဖိုင်တွေ ထပ်ထည့်လို့ မရတော့ ပါဘူး။ အထဲက ဖိုင်တွေက တော့ ပုံမှန် ယူသုံးလို့ ရနေမှာပါ။

ကိုယ်က Full Control ပြန်မလုပ်သရွေ.ဗိုင်းရပ်တွေ ကလည်း ကျွန်တော်တို့ USBa Drive ထဲက ၀င်လာလို့ မရတော့ဘူးပေါ့ အဆင်ပြေပါစေ...

Min Oke Kar (ဘီလူးကျွန်းသားလေး) နည်းပညာ

http://www.minokekar.blogspot.com/

Original link - http://www.minokekar.blogspot.com/

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

1 comment:

  1. ဖျက်လို့မရတဲ့ ကဒ်တွေကို ဘယ်လိုဖျက်ရမလဲ

    ReplyDelete