
သင့်ရဲ့ အိတ်ကပ်တွေနဲ့ လက်ကိုင် အိတ်တွေထဲမှာ ဖုန်းတွေ၊ တက်ဘလက်တွေ၊ သော့တွေ၊ ပိုက်ဆံအိတ်တွေ စတာတွေနဲ့ အများကြီး ပြည့်နှက်နေမှာ သေချာ ပါတယ်။
ဒါပေမဲ့ ဆေးလိပ် သောက်တတ် သူတွေ အနေနဲ့ အခု သယ်ဖို့ တစ်ခု သက်သာ သွားပါပြီ။ ကုမ္ပဏီ တစ်ခုက အီလက်ထရောနစ် ဆေးလိပ်ကို တစ်ခါတည်း ထည့်ထားတဲ့ ဖုန်းကို ဒီဇိုင်းရေးဆွဲ ခဲ့ပါတယ်။
ဒီဖုန်းကို Jupiter လို့ခေါ်ပြီး ကမ္ဘာ့ ပထမဆုံး vape ပါတဲ့ ဆယ်လူလာဖုန်း ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းနဲ့ စာတိုပို့၊ အီးမေးလ်ပို့၊ ဓာတ်ပုံရိုက်၊ ဆေးလိပ်သောက် တာတွေ လုပ်နိုင်ပါတယ်။ Vape ရနံ့ အမျိုး ၃၀နဲ့ ထုတ်လုပ် ထားပါတယ်။ ကိုယ်ကြိုက်တဲ့ ဆေးလိပ်ငွေ့စုပ် ပိုက်ကိုလည်း လဲလှယ် တပ်ဆင်နိုင် ပါသေးတယ်။
Jupiter 3G နဲ့ Jupiter 4G ဆိုပြီး နှစ်မျိုး ရွေးချယ်နိုင်ကာ ကန်ဒေါ်လာ ၂၉၉ နဲ့ ၄၉၉ နှုန်းနဲ့ ကြိုက်နှစ်သက် ရာကို ကြိုတင် မှာယူ စနစ်နဲ့ ရောင်းချပေးနေပါပြီ။
ဒီဇင်ဘာထဲလောက် စရမယ်လို့ မျှော်လင့် ရပါတယ်။
ဖုန်းနှစ်မျိုးစလုံးရဲ့ မျက်နှာပြင် အကျယ်ဟာ ၅.၃ လက်မ ဖြစ်ပြီး OS ကတော့ Android KitKat 4.4 ပဲ ဖြစ်ပါတယ်။
Ref: Daily Mail
Original link - http://technology.thithtoolwin.com/2015/11/jupiter.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |

No comments: