တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 1, 2015

OnePlus မှ OnePlus 2 ထက် ဈေးသက်သာသည့် OnePlus X ကို မိတ်ဆက် ပြသ




OnePlus စီးရီး ဖုန်းတွေနဲ့ အောင်မြင်မှု ရရှိလာနေတဲ့ OnePlus Company ဟာ OnePlus 2 ရဲ့ Low-cost ဖုန်း အဖြစ် OnePlus X ဖုန်းကို ထပ်မံ မိတ်ဆက် ခဲ့ပါတယ်။ OnePlus 2 ဟာ ၂၄၉ ဒေါ်လာ (မြန်မာငွေ အားဖြင့် သုံးသိန်း ၀န်းကျင်) ခန့်သာ ကျသင့်မှာ ဖြစ်ပါတယ်။ OnePlus X ရဲ့အချက် အလက် အသေးစိတ်ကတော့ အောက်ပါ အတိုင်းပါ။

Display

ဖုန်းရဲ့ Screen size ကတော့ ၅ လက်မဖြစ်ပြီး AMOLED Display (1080p) ကို အသုံးပြု ထားပါတယ်။ OnePlus X ရဲ့ Display မှာ ambient display ဆိုတဲ့ Feature လည်း ပါဝင်ပြီး Notification တွေကို Screen အမည်း အနေအထားမှာ Text Display အနေနဲ့ ဖော်ပြပေးမှာပါ။ Motorola ဖုန်းတွေမှာ ပါတဲ့ feature မျိုးပါ။



Processor and memory

OnePlus X မှာ Processor အနေနဲ့ Qualcomm Snapdragon 801 CPU ကိုအသုံးပြု ထားပြီး RAM ကတော့ 3GB ပါ။ Internal Storage အနေနဲ့ကတော့ 16 GB ပါ ထည့်သွင်း တပ်ဆင်ပေး ထားပြီး SD Card ထပ်စိုက်လို့ ရပါတယ်။ SIM Card ၂ ကဒ် ထည့်သွင်း အသုံးပြုနိုင်မယ့် ဖုန်း အမျိုးအစားပါ။ SD Card ထည့်ဖို့ နေရာသီးသန့် မပါဘဲ SIM Slot ၂ နေရာထဲက SIM Slot နံပါတ် ၂ နေရာမှာ SIM Card သို့မဟုတ် Micro SD Card ထည့်သုံး ရမှာပါ။



Design

OnePlus X ကို the Onyx, and the Ceramic ဆိုပြီး ဒီဇိုင်း Model ၂ မျိုး ထုတ်လုပ် ထားတာပါ။ ယင်း Model ၂ မျိုးလုံးက ဒီဇိုင်း သိသာစွာ ကွဲပြားခြင်းတော့ မရှိပါဘူး ။ ဒါပေမယ့် Ceramic Model က Onyx ထက် အနည်းငယ် ပိုကောင်းပါတယ်။ ဘေးဘောင် ဒီဇိုင်းမှာဆိုရင် Onyx က ဘေးဘောင် အပြောင် ဒီဇိုင်းဖြစ်ပြီး Ceramic Model က ဘေးဘောင်မှာ လိုင်းစင်းလေးတွေ ထည့်ပေး ထားပါတယ်။

Ceramic ရဲ့နောက်ဘက်ခြမ်းက မှန်ဟာဆိုရင် 2700 ဒီဂရီ ဖာရင်ဟိုက် အပူချိန်မှာ ၂၈ နာရီကြာ အပူပေးပြုလုပ် ထားတာပါ။ OnePlus X “Ceramic” Model ဖုန်းတစ်လုံး အစအဆုံး တပ်ဆင် ပြီးစီးဖို့ အချိန် ၂၅ ရက်ကြာတယ်လို့ ဆိုပါတယ်။

ဖုန်း ဒီဇိုင်း ၂ မျိုးက သိသာ ကွဲပြားမှု မရှိပေမယ့် သုံးထားတဲ့ ပစ္စည်း အနည်းငယ် ကွာတာကြောင့် Ceramic Model ကတော့ Onyx Model ထက် အနည်းငယ် ဈေးပိုကြီး ပါလိမ့်မယ်။



Interface and functionality

OnePlus X ကိုတော့ System ပိုင်းအနေနဲ့ Oxygen OS (Android 5.1.1 Lollipop) ကို အသုံးပြု ထားပါတယ်။ Android 5.1.1 ကို အခြေခံထားတဲ့ Oxygen OS ဆိုပေမယ့် Android 6.0 က feature တစ်ချို့ကို ပေါင်းစပ် ထည့်သွင်းပေး ထားတာလည်း တွေ့ရပါတယ်။

USB Port ကလည်း OnePlus 2 လိုပဲ USB Type-C Port နဲ့ပဲ ဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ ရှေ့ဘက် ကင်မရာဟာ 8 Megapixel ဖြစ်ပြီး နောက်ဘက်ခြမ်း Primary Camera ကတော့ 13 Megapixel Camera ( f/2.2 aperture and phase detection auto-focus) တပ်ဆင် ထားပါတယ်။

OnePlus ကတော့ OnePlus X ရဲ့ Camera ဟာ 0.2 second အတွင်း focus ပြတ်ပြီး ပုံရိပ်ကို ချက်ချင်း ရိုက်ကူးနိုင် တယ်လို့ ဆိုပါတယ်။ Default ပါတဲ့ Camera application ပိုင်းမှာဆိုရင်လည်း ISO, shutter speed နဲ့ white balance ချိန်ညှိ တာတွေကို လုပ်ဆောင်နိုင် ပါတယ်။



OnePlus X ကို ၂၀၁၅ နိုဝင်ဘာ လဆန်းထဲမှာ စတင်ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။ OnePlus X ဟာ OnePlus 2 ထက် အနည်းငယ် စွမ်းဆောင်ရည် နိမ့်တာက လွဲရင် သာမန် အလယ် အလတ် Android ဖုန်းတွေ ထက်တောင် စွမ်းဆောင်ရည် ပိုင်းမှာ မြင့်မားတာ တွေ့ရပါတယ်။

OnePlus ဖုန်းကြိုက်နှစ်သက် သူတွေအတွက် စောင့်မျှော် ၀ယ်ယူသင့်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါကြောင်း ။ OnePlus X ကို မိတ်ဆက်ပြသ ထားတဲ့ ဗီဒီယို ကိုတော့ အောက်မှာ ကြည့်ရှုနိုင် ပါတယ်။



OnePlus X ဖုန်းကို ပထမဆုံး ဖွင့်ဖောက် ကြည့်ရှုထားတဲ့ ဗီဒီယို ကိုတော့ အောက်မှာ ကြည့်ရှုနိုင် ပါတယ်။



Photo Credit: The Verge

Original link - http://www.myanmarmobileapp.com

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments: