
iPhone 6, iPhone 6S, 6 Plus, 6S Plus တို့အတွက် ရည်ရွယ်ပြီးတော့ ထိုင်ဝမ် အခြေဆိုက် နည်းပညာ ကုမ္ဗဏီ တစ်ခုဟာ အလိုအလျောက် ပြန်ပြုပြင် ပေးတဲ့ မှန်ကပ် ကာဗာ တစ်မျိုးကို ထုတ်လုပ် လိုက်ပါတယ်။
ယင်း Screen protector ဟာ LG ရဲ့ ကွေးညွန့်လို့ ရတဲ့ G Flex စမတ်ဖုန်းမှာ ပါတဲ့ နည်းပညာ နဲ့ သိပ်မကွာပါဘူး။ LG တုန်းက သူတို့ရဲ့ နည်းပညာကို ထုတ်ဖော် မပြောဝံ့ ခဲ့ပေမယ့် ထိုင်ဝမ် ကုမ္ဗဏီမှ တီထွင် အောင်မြင်တဲ့ အခါ မီဒီယာများကို ချပြ ခဲ့ပါတယ်။
သူတို့အနေနဲ့ ဖန်သားပြင် ကပ် ပေါ်မှာ liquid တစ်မျိုး ဖုံးထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ အကြောင်း အမျိုးမျိုးကြောင့် အစင်းရာ ထင်တာတို့ အက်ရာ ထင်တာတို့ ဖြစ်ရင် ယင်းအရည်များက ထိုနေရာကို ဝင်ရောက် အစားယူပေးခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဖန်သားပြင်ကိုလည်း ပုံမှန်အတိုင်း အလင်းရောင်ပြသစေပြီး ကွဲရာလည်း မရှိတော့ ပါဘူး။
လက်ရှိကွဲပီးသား၊ အက်ပြိးသား အိုင်ဖုန်းများကို ကပ်ရင် ပြန်ပြင်ပေးမပေး မသိပေမယ့် မကွဲခင် ကြိုကပ်ထားရင် အကြောင်း အမျိုးမျိုးကြောင့် ခြစ်မိတာ၊ ပွန်းရာထင်တာတို့ ဆိုရင် အလိုအလျောက် ပြန် ပျောက်သွားမှာ ဖြစ်ပါတယ်။ ဈေးနှနုးအားဖြင့် iPhone 6, 6S တို့အတွက် ၂၄ ဒေါ်လာ iPhone 6 Plus 6S Plus တို့အတွက် ၂၆ ဒေါ်လာနဲ့ Amazon ပေါ်မှာ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
Ref: dailymail
အောင်ခမ်း (MMAS)
Original link - http://www.myanmarmobileapp.com/2015/10/29/screen/
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: