တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 20, 2015

အလင်းရောင် နည်းနည်းနဲ့ ရိုက်နိုင်မယ့် နောက်ဆုံးပေါ် ကင်မရာကို Samsung ကြေညာ




သင့်ရဲ့ စမတ်ဖုန်းမှာ အလင်းရောင် နည်းနည်းနဲ့ ဓာတ်ပုံ ရိုက်ရလို့ စိတ်ညစ်နေ ပါသလား။ Samsung မှာ သင့်အတွက် ဖြေရှင်းချက် ရှိပါတယ်။ ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူ ညီလာခံမှာ Samsung က BRITECELL လို့ခေါ်တဲ့ ကင်မရာသစ်ကို ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

BRITECELL က အမှောင်ထုကြီးစိုးနေတဲ့အချိန်မှာတောင် ရိုက်ကူးစေနိုင်မှာပါ။ ဒီကင်မရာက ပိုပြီးလင်းလာဖို့၊ ပိုပြီးပြတ်သားဖို့ကို လုပ်ဆောင်ပေးမှာပါ။ စမတ်ဖုန်းအများစုမှာ သုံးထားတဲ့ Bayer filter ကို ရှောင်ထားပါတယ်။ BRITECELL မှာ အလင်းမှုန်တွေကို အစိမ်းရောင်ပြောင်းပေးပြီး အလင်းမှုန်တွေ ဆင်ဆာကိုလာရိုက်ခတ်ခြင်းကို ကာကွယ်ပေးတဲ့ filter ကို အသုံးပြုထားပါတယ်။

Samsung ဟာ ကင်မရာမှန်ဘီလူးကို အလင်းတွေအများကြီး ဝင်လာစေတဲ့ အဖြူရောင် အလင်းမှုန်တွေကို အစိမ်းရောင် အလင်းမှုန်တွေနဲ့ အစားထိုးလိုက်တာပါ။ ဈေးကွက်ထဲမှာရှိတဲ့ တခြား ကင်မရာတွေနဲ့ ယှဉ်လိုက်ရင်လည်း BRITECELL က ၁၇ ရာခိုင်နှုန်း ပိုပါးတယ်လို့ သိရပါတယ်။

Ref: engadget

Original link - http://technology.thithtoolwin.com/2015/11/samsung.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: