တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 20, 2015

Selfie ရိုက်တံ နဲ့ ခုခံ တိုက်ခိုက်ပုံကို သင်ကြားပေးတဲ့ ကိုယ်ခံ ပညာရပ် သင်တန်း ပေါ်ပေါက်လာ




ကိုယ်ခံ ပညာ သင်တန်းတွေရဲ့ လေ့ကျင့်ရေး လက်နက် ပစ္စည်းတွေ အဖြစ် နံချပ်ကူ တွေကို မေ့ပစ်လိုက်ပါ။ အခုအခါ အလွန်ကြောက်စရာ ကောင်းတဲ့ လက်နက်တစ်ခု ပေါ်လာပါပြီ။ ဒါကတော့ selfie stick တွေပဲ ဖြစ်ပါတယ်။

တခြား ကိုယ်ခံ လက်နက်တွေနဲ့ မတူတာ ကတော့၊ Selfie stick ဟာ လုံးဝ တရားဝင်ဖြစ်ပြီး လေယာဉ် တွေပေါ်မှာ တောင် သယ်သွားလို့ ရပါတယ်။

Selfie stick တွေပေါ်မှာ တင်ထားတဲ့ တန်ဖိုးကြီး ဖုန်းတွေဟာ သူခိုးတွေရဲ့ မျက်စိကျစရာ ဖြစ်လာပြီးနောက်မှာ မကြာခဏ ခရီးသွားတတ် သူတွေနဲ့  ကမ္ဘာလှည့် ခရီးသည်တွေ အတွက် Selife ရိုက်တံနဲ့ တိုက်ခိုက် နည်းကို သင်ပေး သွားမှာ ဖြစ်တယ်လို့  ကိုယ်ခံပညာ သင်တန်းအဖွဲ့ က ဆိုပါတယ်။

ရုရှားနိုင်ငံ၊ မော်စကိုမှာရှိတဲ့ M-PROFI ခေါ် ကိုယ်ခံပညာ စင်တာက မန်နေဂျာတွေရဲ့ ပြောပြချက် အရ ဒီသင်တန်း စပြီးနောက်မှာပဲ သင်တန်း ချိန်တိုင်းမှာ လူပြည့် သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

“ တိုင်းခြားပြည်ခြားကိုခရီးသွားနေတဲ့ တိုးရစ်တစ်ယောက်အတွက် selfie stick ကပဲ သူ့ ရဲ့ အားကိုးရာ လက်နက်တစ်ခုဖြစ်ပါတယ်။ အားသာချက်နောက်တစ်ခုကတော့ ကိုယ့်လက်ထဲမှာလည်း အဆင်သင့်ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

“ လက်ကိုင်အိတ်ထဲမှာထည့်ထားတဲ့ ငရုတ်ကောင်းဖြန်းဘူးတွေနဲ့ ရှော့ရိုက်သေနတ်တွေကလည်း အသုံးဝင်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို အိတ်ထဲက ဆွဲထုတ်နေရတဲ့အချိန်မှာ ကိုယ်ခံသွားရပါလိမ့်မယ်။ Selfie stick ကတော့ ချက်ချင်းဆိုသလိုအသုံးချနိုင်ပါတယ်” လို့  သင်တန်းရဲ့ပြောရေးဆိုခွင့်ရှိသူ Daria Lapshina က ရှင်းပြခဲ့ပါတယ်။

Selfie stick ကိုယ်ခံပညာရပ်မှာ အဆင့်ငါးဆင့်ရှိပြီး အခြေခံကိုတော့ ၁၅ မိနစ်အတွင်း သင်နိုင်တယ်လို့ ဆိုပါတယ်။ Monopod fighting လို့ ခေါ်တဲ့ တုတ်တစ်ချောင်းနဲ့ တိုက်ခိုက်နည်းဟာ ထိုင်း လက်ဝှေ့ ပညာရပ်၊ တခြားကိုယ်ခံပညာရပ်ပေါင်းစုံနဲ့ သင်ကြားသူတွေရဲ့ ကိုယ်ပိုင်အတွေ့ အကြုံတွေကို ပေါင်းစပ်ဖန်တီးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ Selfie stick မှာ ကိုယ့်တန်ဖိုးကြီးဖုန်းကို တပ်ထားတဲ့အခါ၊ ကိုယ့်ကိုလာတိုက်ခိုက်တဲ့လူကို ပြန် တိုက်ခိုက်ရင် ဖုန်းကွဲကြေမှာကို စိုးရိမ်စရာမလိုဘဲ၊ တကယ်လို့ ဖုန်းတပ်ထားရင်လည်း လက်ကိုင်ကို အသုံးပြုပြီး ပြန်တိုက်ခိုက်နည်းကို သင်ပေးထားတယ်လို့  ဆိုပါတယ်။



Original link - http://technology.thithtoolwin.com/2015/11/selfie.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: