တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, November 24, 2015

တစ်စက္ကန့်ကို ရုပ်ရှင် ၁၈ ကား ဒေါင်းနိုင်မယ့် Wi-Fi မဟုတ်သော Li-Fi




ဗြိတိန်နိုင်ငံ၊ စကော့တလန် ကျွန်းရှိ စကော့တလန် တက္ကသိုလ်က တီထွင် ပညာရှင် တစ်ဦးဟာ ၂၀၁၁ ခှုနှစ် တုန်းက Li-Fi လို့ အမည်ရတဲ့ Wi-Fi အစားထိုး နည်းပညာကို တီထွင် ခဲ့ပါတယ်။

ယင်း နည်းပညာဟာ ဘယ်လောက်တောင် မြန်ဆန်သလဲ ဆိုရင် 1.6 GB ပမာဏ ရှိတဲ့ အရည်အသွေးကောင်း ရုပ်ရှင် ၁၈ ကားကို တစ်စက္ကန့် အတွင်း download ဆွဲနိုင်အောင် မြန်ဆန်မှာ ဖြစ်ပါတယ်။

သူဟာ အင်တာနက်ကို အလင်းရောင် ကနေပေးတဲ့ နည်းပညာ ဖြစ်ပါတယ်။

အင်တာနက် လွင့်ပေးမယ့် ပစ္စည်း ကလည်း LED မီးလုံးများ ဖြစ်ပါတယ်။ ယင်းမီးလုံးက လွင့်တဲ့ အလင်းရောင်ကို ရရှိတဲ့ မည်သူမဆို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

တစ်စက္ကန့်ကို 224 gigabits နှုန်းနဲ့ Data ပေး၊ ယူ လုပ်နိုင်ပါတယ်။ သူက နံရံကိုလည်း မဖောက်တာကြောင့် လုံခြုံရေးအတွက်လည်း Wi-Fi ထက် ပိုကောင်းပါတယ်။

visible light communication (VLC) လို့ခေါ်တဲ့ နည်းပညာကို အသုံးပြုပြီးတော့ Data က အလင်းအရောင်ကနေ တစ်ဆင့်သွားတာ ဖြစ်ပါတယ်။

အရင်ခေတ်က morse code အလုပ်လုပ်သလိုပဲ binary code များက 400 နဲ့ 800 terahertz (THz) အတွင်းမှာ ရှိတဲ့ အလင်းရောင်ပေါ်မှာ သွားလာမှာ ဖြစ်ပါတယ်။

လက်ရှိ Wi-Fi ထက် မြန်ဆန်ပြီး လုံခြုံရေးလည်း ပိုမို အဆင့်မြင့်ပါတယ်။ ဗြိတိန်နိုင်ငံရှိ ရုံး အချို့မှာ စတင် စမ်းသပ်အသုံးပြုနေပြီ ဖြစ်ပြီး နှစ်အနည်းငယ်အတွင်း တရားဝင်ရောင်းချတော့မယ့် နည်းပညာ ဖြစ်ကြောင်း သိရပါတယ်။

Ref: dailymail

အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/11/25/wifi/

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: