
ကမ္ဘာ့ လူသုံး အများဆုံး လူမှုကွန်ရက် ဖြစ်တဲ့ Facebook ဟာ သုံးစွဲသူတွေ အချစ်ရေး တစ်ခုကို လမ်းခွဲပြတ်စဲ လိုက်တဲ့ အခါမှာ မခံစား ရစေမယ့် လုပ်ဆောင်ချက် တစ်မျိုးကို မိတ်ဆက် လိုက်ပြန် ပါတယ်။
သင့်ရဲ့ ရည်းစားဟောင်းဟာ Meme တွေ တင်တဲ့အခါ ၊ Status တွေ Update လုပ်တဲ့အခါ ၊ ဓါတ်ပုံတွေ တင်တဲ့ အခါမှာ Mutual Friend တစ်ယောက်ယောက် ကြောင့် သင့်ရဲ့ News Feed မှာ ပေါ်လာရင် နာကျင်စရာ အတိတ်တွေကို ခံစားမိ သွားမှာပါ။ ဒါကို Facebook က နားလည် သွားပြီး Tools အသစ်တွေကို စမ်းသပ်နေ ပါပြီ။
အဲဒီ Tools တွေကတော့ သင့်ရဲ့ ရည်းစားဟောင်းနဲ့ ပတ်သက်သမျှ သင့်ကို မပြအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဒီနေ့ကစပြီး အမေရိက မှာ စမ်းသပ်ခဲ့တဲ့ ထို စနစ်အရ Facebook သုံးစွဲသူတွေဟာ သူတို့ရဲ့ Relationship Status ကို မိုဘိုင်းလ်က တဆင့် ပြောင်းလဲလိုက်တဲ့အခါမှာ သူတို့ရဲ့ ရည်းစားဟောင်းနဲ့ ပတ်သက်ပြီး ဘာကိုမှ မမြင်ရတော့အောင် "take a break" ဆိုတဲ့ အစီအစဉ်ကို ပါရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
ထိုကဲ့သို့ ရွေးချယ်လိုက်ခြင်းအားဖြင့် သင် သတ်မှတ်လိုက်တဲ့ User ရဲ့ Post တွေကို သင့်ရဲ့ Feed မှာ ပြန်မပေါ်လာအောင် ကူညီပေးနိုင်မှာ ဖြစ်ပြီး သင့်ရဲ့ Status နဲ့ Post တွေကို ထို သတ်မှတ်ထားတဲ့ User ဘက်က မြင်တွေ့ရတာ နည်းပါးသွားအောင်လည်း ကန့်သတ်ထားလို့ ရနိုင်မှာ ဖြစ်ပါတယ်။
သင့်ရဲ့ ဓါတ်ပုံတွေ ၊ ဗီဒီယိုတွေမှာ သူတို့ကို Tag လုပ်ထားရင်လည်း အလိုလျောက် ဖြုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref : Engadget
Original link - http://technology.thithtoolwin.com/2015/11/facebook-take-break.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |

No comments: