တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 29, 2015

Windows 10 တွင် PIN Security ထည့်သွင်းခြင်း




Windows 10 Operating System ကို Tablet မှာ အသုံးပြုတဲ့ သူတွေပဲ ဖြစ်ဖြစ် ကွန်ပျူတာပေါ် ကနေ အသုံးပြု သူတွေပဲ ဖြစ်ဖြစ်၊ Windows 10 အတွင်း ထည့်သွင်းထားတဲ့ app တွေနဲ့ အချက် အလက်တွေကို အခြားသူများ ဝင်ရောက် အသုံးမပြု နိုင်စေရန် အတွက် ကာကွယ်ထား နိုင်ပါတယ်။

ဒီလိုကာကွယ် နိုင်ရန် အတွက် Windows 10 ပေါ်မှာ PIN Security ကိုထည့်သွင်း အသုံးပြုရမှာ ဖြစ်ပါမယ်။

Windows 10 ပေါ်မှာ PIN Security ကိုထည့်သွင်းဖို့ အတွက် ဆိုရင် Start Menu button ကိုနှိပ်လိုက်ပါ။ ပြီးသွားရင် Settings ဆိုတာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

အကယ်၍ Taskbar ပေါ်ကနေ Settings ကို အသုံးပြုမယ်ဆိုရင် Notifications icon ကို ကလစ်နှိပ်ပြီး All Settings ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။



  • Settings ထဲကို ရောက်သွားပြီ ဆိုရင် Accounts ဆိုတာကို ရွေးချယ်ပေး ရပါမယ်။
  • Accounts အောက်မှာမှ Sign-in Options ဆိုတာကို ထပ်မံရွေးချယ် ပေးရမှာဖြစ်ပါတယ်။
  • Sign-Options ကိုရွေးချယ်ပေးပြီးရင် ညာဘက်အခြမ်းမှာရှိတဲ့ PIN အောက်က Add ဆိုတဲ့ Button ကိုနှိပ်လိုက်ပါ။
  • အဆိုပါ Button ကိုနှိပ်လိုက်ရင် ပထမဆုံးလက်ရှိ Windows မှာဝင်ထားတဲ့ Local Account ရဲ့ Password ကိုထည့်သွင်း ပေးရမှာဖြစ်ပါတယ်။

အကယ်၍ Microsoft Account များဖြစ်တဲ့ Hotmail, Live Mail အစရှိ တာတွေနဲ့ ဝင်ထားရင်တော့ အဆိုပါ Email တွေမှာ အသုံးပြုတဲ့ Password ကို ထည့်သွင်းပေး ရပါမယ်။ ပြီးသွားရင်တော့ PIN Number ကိုစတင် ထည့်သွင်းနိုင်ပြီ ဖြစ်ပါတယ်။

အကယ်၍ အဆိုပါ PIN အသုံးမပြုလိုဘဲ အခြားနံပါတ်တွေကို ပြောင်းလဲမယ် ဆိုရင် အထက်မှာ ဖော်ပြထားတဲ့ လမ်းကြောင်းအတိုင်း သွားပြီး Change ဆိုတဲ့ button ကိုနှိပ်ပြီး ပြောင်းလဲရမှာ ဖြစ်ပါတယ်။

PIN ကိုမေ့သွား တာမျိုး ဖြစ်ခဲ့မယ် ဆိုရင် Settings > Accounts > Sign-in Options> ကိုသွားပြီး I Forgot my PIN ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ပါ။ ပြီးသွားရင် Continue ဆိုတဲ့ button ကိုထပ်နှိပ် ပေးရမှာဖြစ်ပါတယ်။

နောက်တစ်ဆင့်မှာ Set up a PIN ဆိုတဲ့ box တက်လာရင် New PIN ကိုထည့်သွင်းနိုင်ပါတယ်။ ဒီအဆင့်ပြီးသွားရင် Windows 10 မှာ PIN Security ကို ပြန်လည်ထည့်သွင်းပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Original link - http://www.internetjournal.media/how-to/4870

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: