တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 29, 2015

Windows Explorer Address bar History အားဖယ်ရှားခြင်း




Windows Explorer Address bar ရှိ History ဖိုင်ကို ဖျက်ပစ်ချင် သူများ အတွက် History တွေကို ဖယ်ရှား ရှင်းလင်း နိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။

Windows explorer address bar ပေါ်ရှိ History တွေကို ဖယ်ရှားနိုင်ဖို့ အတွက် နည်းလမ်းနှစ်မျိုး ရှိပါတယ်။ အဆိုပါ နည်းလမ်းတွေက Registry ပေါ်ကနေ ဖယ်ရှားနိုင်တဲ့ နည်းလမ်းနှင့် Address bar ပေါ်ကနေ တိုက်ရိုက် ဖယ်ရှားတဲ့ နည်းလမ်းအပြင် Folder Option ကနေ ဖယ်ရှားတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

Registry ကနေ ဖယ်ရှားဖို့အတွက် ပထမဆုံး Win + R key ကိုနှိပ်ပြီး Run box ကိုခေါ်လိုက်ပါ။ Run box ပေါ်လာရင် regedit လို့ ရိုက်ထည့်ပြီး Registry Editor ကိုဖွင့်ရမှာ ဖြစ်ပါတယ်။

Registry Editor ပွင့်လာရင် HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\TypedPaths ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားရပါမယ်။

TypedPaths ဆိုတဲ့ လမ်းကြောင်းအောက်ကို ရောက်ပြီဆိုလျှင် ဖိုင်အမည် url နှင့် နံပါတ်များတွဲ၍ ဖော်ပြထားတဲ့ ဖိုင်တွေကို Select ပြုလုပ်ပြီး ဖျက်ပစ်ရမှာ ဖြစ်ပါတယ်။

ပြီးသွားတဲ့အခါမှာ Registry Editor ကိုပိတ်ပြီး Win-dows explorer ကိုဖွင့်လိုက်ရင် Address bar ပေါ်မှာ History တွေကို တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။

နောက်ထပ်နည်းလမ်း တစ်ခုကတော့ Folder Option ကနေ Address bar history ကိုဖယ်ရှားတဲ့ နည်းလမ်းဖြစ်ပါတယ်။ Windows Explorer ကိုဖွင့်လိုက်ပါ။ View ဆိုတဲ့ Tab ကိုရွေးချယ် ပေးရပါမယ်။

View ဆိုတဲ့ Tab ကိုရွေးချယ်ပြီးရင် Options ဆိုတာကို ကလစ်နှိပ်လိုက်ပါ။ ဒါဆိုရင် Folder Options ဆိုတဲ့ box တက်လာပါမယ်။ အဆိုပါနေရာမှာ Show recently used files in Quick access နဲ့ Show frequently used folder in Quick access ဆိုတဲ့နေရာနှစ်ခုမှာ အမှန်ခြစ်ထည့်ပါ။

Clear ကိုနှိပ်ပြီး Ok button ကိုနှိပ်ပေးလိုက်ရင် Folder options ကနေ address bar history ကိုဖယ်ရှားတဲ့နည်းလမ်း ပြီးသွားပြီ ဖြစ်ပါတယ်။

အလွယ်ကူဆုံး နောက်ဆုံးနည်းလမ်းဖြစ်တဲ့ Windows Ex-plorer ပေါ်ကနေတင် address bar history ကို ဖျက်ပစ်ချင်တယ်ဆိုပါက Address bar ပေါ် Right-click နှိပ်လိုက်ပါ။

ပြီးသွားရင် Delete History ဆိုတာကို ရွေးချယ်ပေးလိုက်တာနဲ့ Windows Explorer ပေါ်က History များကို ရှင်းလင်းပေးသွားမှာ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ နည်းလမ်းများထဲက ကြိုက်နှစ်သက်ရာကို အသုံးပြုပြီး Address bar history များကို ရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။

internet journal By: သီဟ

Original link - http://www.internetjournal.media/how-to/4792

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: