တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 4, 2015

ပုံရိပ်ပြတ်သားလွန်းတဲ့ 3D ကင်မရာတွေကို စမတ်ဖုန်းတွေမှာ တပ်ဆင်နိုင်ဖွယ်ရှိ




3D ကင်မရာတွေနဲ့ scanner တွေဟာ ပုံရိပ် ကြမ်းတွေကို ထုတ်ပေး တတ်ကြ ပါတယ်။ အထူးသဖြင့် ပိုသေးပြီး ပိုဈေးပေါတဲ့ ဟာတွေမှာပေါ့။

လက်ခံနိုင် လောက်စရာ ပြတ်သားတဲ့ ပုံရိပ်ရဖို့ အတွက်ကို laser scanner အကြီး တစ်ခု လိုအပ်လေ့ ရှိပါတယ်။ MIT သုတေသီတွေ မှာသာ နည်းလမ်း ရှိမယ်ဆိုရင်၊ သင့် စမတ်ဖုန်းနဲ့ တောင် ဂုဏ်ယူ လောက်စရာ 3D ပုံရိပ်တွေကို ရိုက်ကူး နိုင်မှာပါ။

3D ရုပ်ပုံရဲ့ ရုပ်ထွက် အရည် အသွေးကို အဆ ၁၀၀၀ ပိုမို ကောင်းမွန် စေရန်အတွက် (သင်နေကာ မျက်မှန်ထဲမှာ မြင်ရသလို) ပိုလာရိုက်စ် အလင်းရောင်ကို သုံးထားတဲ့ နည်းပညာ တစ်ခုကို MIT သုတေသီ တွေက ဖန်တီးခဲ့ ပါတယ်။

ရိုက်ချက် အများကြီးကနေ အလင်း သိပ်သည်း မှုတွေ အပေါ် အခြေခံ ထားတဲ့ ပုံရိပ်တွေကို ဖန်တီးဖို့ အတွက် သူတို့ဟာ မိုက်ခရိုဆော့ဖ့်ရဲ့ Kinet (ဒါမှမဟုတ် အလားတူ ကင်မရာကောင်း တစ်လုံး)၊ ပိုလာရိုက်စ် ကင်မရာ မှန်ဘီလူးတွေနဲ့ အယ်လ်ဂိုရီသမ် တွေကို ပေါင်းစပ် လိုက်တာပါ။

မိုက်ခရို မီတာ ရာပေါင်းများစွာ ပုံရိပ်တွေ ကိုတောင် ရှင်းလင်း နေအောင် ရိုက်ကူးနိုင်တဲ့ ကင်မရာ တစ်လုံး ဖြစ်လာ ပါတယ်။

ဒါပေမဲ့ စမတ်ဖုန်းမှာ တပ်လို့ရတဲ့ 3D ကင်မရာ အတွက် ကိုတော့ အများကြီး ထပ်မံ အဆင့်မြှင့်ဖို့ လိုသေးတယ်လို့ သိရပါတယ်။

Ref: engadget

Original link - http://technology.thithtoolwin.com/2015/12/3d.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: