တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 4, 2015

ထရပ်နဲ့ တက်ကြိတ်တာတောင် မကွဲခဲ့တဲ့ Motorola ရဲ့ အက်ကွဲခံ Moto X Force ဖုန်း




Motorola ကုမ္ပဏီဟာ မကြာသေးမှီက ထုတ်ခဲ့တဲ့ Moto X Force ဖုန်းရဲ့ ၅.၄ လက်မ အရွယ် ဖန်သားပြင်ကို အက်ကွဲမှု ခံနိုင်အောင် ပြုလုပ်ဖို့ အတွက် အချိန် သုံးလ ယူခဲ့ရ တယ်လို့ ဆိုပါတယ်။

Motorola ရဲ့ အဆိုပါ ပြောကြားချက်ကို ဗြိတိန် သတင်း ၀က်ဘ်ဆိုဒ် Daily Mail က လက်တွေ့ စမ်းသပ် မှုတွေ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

ပထမ စမ်းသပ်ချက် အနေနဲ့ Moto X Force စမတ်ဖုန်းကို စာရိုက် နေရင်းနဲ့ လက်ထဲက ချော်ကျတဲ့ သာမန် မတော် တဆ ပုံစံမျိုးနဲ့ ရုံးတွင်း ခင်းထားတဲ့ ကော်ဇော်ပေါ် တမင် သက်သက် ပစ်ချ ကြည့်ခဲ့ ပါတယ်။ လူတစ်ယောက်ရဲ့ နားလောက် ရှိတဲ့ အမြင့်ကနေ ပစ်ချခဲ့ တာတောင် ဖုန်းဟာ မကွဲမအက်ပဲ ရှိနေခဲ့ ပါတယ်။

ထိုနောက် ရုံး အဆောက်အဦးက အထွက်မှာ ဖုန်းကို စကျင်ကျောက် ခင်းထားတဲ့ ကြမ်းပြင် အမာဆီကို ထပ်မံ ပစ်ချခဲ့ ကြည့်ပြန် ပါတယ်။ ဖုန်းဟာ ကြမ်းပြင်ပေါ်ကို အသံ ကျယ်ကျယ်နဲ့ ပြုတ်ကျ သွားခဲ့ ပေမယ့်လည်း ခြစ်ရာ တောင် မထင်ခဲ့ ပါဘူး။

နောက်ထပ် တစ်ကြိမ် လမ်းသွားရင်း၊ လက်တစ်ဖက်နဲ့ စာရိုက်တုန်း ဖုန်းလွတ်ကျတဲ့ ပုံစံနဲ့ တတိယ အကြိမ် ကျောက်ပြားခင်း ထားတဲ့ ပလက်ဖောင်းပေါ် လွှတ်ချ ခဲ့ပေမယ့်လည်း ဖန်သားပြင်မှာ အစွန်း အထင်း မရှိတာကို တွေ့ ရှိခဲ့ ရပါတယ်။

ဒါပေမယ့် ဖုန်းရဲ့သတ္တု အပြင်ဘောင် မှာတော့ ခြစ်ရာလေး တစ်ခု ထင်သွား ပါတယ်။ ထို့ နောက် ပလက်ဖောင်းပေါ်က ဆင်းရင် လမ်းမပေါ် လွှတ်ချကြည့် ခဲ့ရာမှာ ခြစ်ရာတွေ ဘောင်မှာ ပိုဖြစ်သွား ပေမယ့် ဖန်သားပြင် ကတော့ ကြည်လင်လျက် ရှိတုန်းပါပဲ။

ယခုလို ဖုန်းကိုလွှတ်ချ စမ်းသပ်မှုတွေ တိုင်းမှာ ဖုန်းဟာ မအက်ကွဲ ခဲ့တာကြောင့်၊ ဖုန်းရဲ့ ဖန်သားပြင် ခံနိုင်ရည်ကို အဆုံးစွန် အထိ စမ်းသပ်ဖို့ Daily Mail ကဆုံးဖြတ် လိုက်ပါတယ်။

အက်ကွဲမှု ခံနိုင်တယ် ဆိုတဲ့ Moto X Force ဖုန်းကို လော်ရီကား နောက်ဘီးမှာ ထားပြီး ဒရိုင်ဘာက ကားကို ဖြေးညှင်းစွာ နောက်ဆုတ်ကာ ဖုန်းပေါ် တက်ကြိတ် ကြည့်ခဲ့ ပါတယ်။

ဖုန်းဟာ ကွန်ကရစ် ကြမ်းပြင်နဲ့ ကြိတ်မိတာ တကျွတ်ကျွတ် မြည်သံ ထွက်ပေါ် ခဲ့ပေမယ့်လည်း အံ့အားသင့် စရာ ကောင်းစွာပဲ၊ ဖန်သားပြင်က မပျက်မစီး ရှိနေတာကို တွေ့ ရှိခဲ့ ရပါတယ်။

ဒရိုင်ဘာဟာ အလျှော့ မပေးဘဲ၊ နောက် တစ်ကြိမ်ဖုန်းကို တက်ကြိတ် ခဲ့ကြည့်ပေမယ့်လည်း ဖုန်း ဖန်သားပြင်ဟာ အက်ရာ ကင်းနေတာကို တွေ့ ရှိခဲ့ ရတယ်လို့ သိရပါတယ်။

Moto X Force ဖုန်းဟာ ၅.၄ လက်မ Quad HD AMOLED ဖန်သားပြင်ရှိပြီး၊ ကျောဘက် ကင်မရာက 21 MP ရှိကာ ရှေ့ ကင်မရာ ကတော့ flash မီးနဲ့ 5 MP ရှိပါတယ်။ ဘက်ထရီသက်တမ်း ၄၈ နာရီ ခံတယ်လို့ ဆိုပြီး Motorola ရဲ့ TurboPower အားသွင်း စွမ်းဆောင် ရည်ကြောင့် ဘက်ထရီအား ၁၃ နာရီစာကို ၁၅ မိနစ် အတွင်း သွင်းလို့ ရပါတယ်။



Ref : Dailymail

Original link - http://technology.thithtoolwin.com/2015/12/motorola-moto-x-force.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: