တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 17, 2015

Apple ရဲ့ ၉၄ ရာခိုင်နှုန်းသော အမြတ်ငွေဟာ ဖုန်း ထုတ်လုပ်ခြင်းထက် ပြိုင်ဘက် ကုမ္ပဏီ များမှ ပိုရရှိနေ




ကျွန်တော်တို့ အားလုံး သိကြတဲ့ အတိုင်းပဲ Apple ကုမ္ပဏီ ဟာ မြောက်မြား စွာသော ဝင်ငွေကို ရရှိနေတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။

ဒါဟာ ကျွန်တော်တို့ အသုံးပြု နေကြတဲ့ Apple device တွေကြောင့်လို့ ထင်ကြ ပါလိမ့်မယ်။

မှန်သင့် သလောက်တော့ မှန်ပါတယ်။ အလုံး စုံတော့ မဟုတ်ပါဘူး။ Apple ဟာ သူ့ရဲ့ အမြတ်ငွေ များထဲမှ ၉၄ ရာခိုင်နှုန်းသော အမြတ်ငွေ တို့ဟာ ပြိုင်ဘက် ကုမ္ပဏီ များမှ တရား ရင်ဆိုင် ဖြေရှင်း ရာမှာ ရှုံးနှိမ့်သည့် အတွက် ရရှိတဲ့ လျော်ကြေး ငွေများ ဖြစ်ပါတယ်။

Apple ရဲ့ စမတ်ဖုန်း တန်ဖိုးဟာ တန်ဖိုး မြောက်မြားသည့် အတွက် Apple ရဲ့ အရည် အသွေးကို ကြိုက်နှစ်သက်တဲ့ Apple အသုံးပြုသူ အစစ် အမှန်ကိုသာ ရောင်းချ ခဲ့ပါတယ်။

ဒီအတွက်ကြောင့် အမြတ်ငွေ ရရှိတဲ့ အခါမှာတော့ နည်းပါး ပါတယ်။ ဒါပေမဲ့ ဒီနှစ်ရဲ့ နောက်ဆုံး သုံးလ အတွက် ကုမ္ပဏီရဲ့ ရပ်တည်မှုကို ထုတ်ပြန် ခဲ့ရာမှာ ကမ္ဘာ့ အကြီးမားဆုံး အမြတ်ငွေ ပိုင်ဆိုင် ထားတဲ့ ကုမ္ပဏီ တစ်ခု အဖြစ် ရပ်တည် နေပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း ဒီလိုအချိန်မှာ အမြတ်ငွေ ရရှိမှုကို ထုတ်ပြန် ခဲ့ရာမှာ ၈၅ ရာခိုင်နှုန်းနဲ့ ရပ်တည်နိုင် ခဲ့ပါတယ်။ ထိုအထဲ ကမှ ၁၄.၅ ရာခိုင်နှုန်းဟာ စမတ်ဖုန်း အရေ အတွက် ရောင်းချပြီး ရရှိသည့် အမြတ်ငွေ ဖြစ်ပါတယ်။

အလားတူ ဒီအချိန် အတွင်းမှာပဲ ကမ္ဘာ့ပြိုင်ဘက် ကုမ္ပဏီ ဖြစ်သည့် Samsung ရဲ့ အမြတ်ငွေ ကိုလည်း ကြေငြာ ခဲ့ရာမှာ ၂၄.၅ ရာခိုင်နှုန်းသာ ရှိပါတယ်။

ထိုအထဲကမှ ရှယ်ယာ ၁၁ ရာခိုင်နှုန်းသာ လက်ဝယ် ပိုင်ဆိုင်မှု အဖြစ် အကျိုးအမြတ် ရရှိထားတာ ဖြစ်ပါတယ်။

Ref : Techrader

Aung Ko Htet (MMA)

Original link - http://www.myanmarmobileapp.com

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: