
သင်ဟာသင့်ရဲ့ Facebookက News Feed တွေကို သင့် iPhone ဒါမှမဟုတ် iPad နဲ့အမြဲကြည့်နေတဲ့သူဖြစ်ပါက သင့်အတွက်အရသာတစ်မျိုးခံစားစေမယ့် Feature တစ်ခုကို Facebook ကထည့်သွင်
းပေးတော့မှာပါ၊
အချို့သောအသုံးပြုသူတွေအတွက် တစ်ယောက်ယောက်က Comment ပေးဖို့စာရိုက်နေတဲ့အချိန်မှာ အဲ့ဒီ Comment Box ရဲကအပေါ်ဘက်မှာ "A friend is writing a comment..." ဆိုပြီးပေါ်နေမှာ
ဖြစ်ပါတယ်၊
ပြောင်းလဲသွားတာကတော့ အသုံးပြုသူတွေဟာ ဒီပို့စ်အပေါ်ဘယ်လောက်စိတ်ဝင်စားမှုရှိနေတယ်ဆိုတာကို သိရှိနိုင်မှာပဲဖြစ်ပါတယ်၊
ဒီလူမှုကွန်ယက်မီဒီယာဘီလူးကြီးရဲ့ Featureအသစ်ကို ကန့်သတ်ထားတဲ့ iOS အသုံးပြုသူတွေကိုသာ သုံးစွဲခွင့်ရှိဦးမှာဖြစ်ပါတယ်၊
င်္Facebook ဟာ နောက် စမ်းသပ်ချက် ဖြစ်တဲ့ The Next Web ကိုလည်း အတည်ပြု ပေးခဲ့ပြီး၊ ကြေငြာချက်မှာ အသေးစိတ် ရှင်းလင်း ခဲ့ပါတယ်၊ " News Feed က သင့်သူငယ်ချင်း တွေနဲ့ သင့်မိသားစု အကြောင်း အမြဲ အချိန်နှင့် တပြေးညီသိရှိနိုင် စေမယ့် နေရာ တစ်ခုပါ၊ ကျွန်တော်တို့ အသုံးပြု သူတွေဆီ ကနေ ပြန်ကြား ခဲ့ရတာက သူတို့ Facebook ကို အသုံးပြုတဲ့ အတွေ့ အကြုံတွေ အရ သူတို့ဆီမှာ တကယ် စကား လက်ဆုံ ကျနေတဲ့ အချိန်တွေ ရှိပါတယ်၊
အဲ့ဒါကြောင့် ကျွန်တော်တို့ဟာ သူငယ်ချင်း တစ်ယောက် စာရေးနေရင် Comment Box အပေါ်မှာ စာကြောင်း တစ်ကြောင်းနဲ့ ပြဖို့ အတွက် ထည့်သွင်းနိုင်ဖို့စမ်း
သပ် ခဲ့ပါတယ်၊
ဒါဟာလူတွေကိုသူတို့မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ တကယ့်စကားလက်ဆုံကျနေတဲ့အချိန်တစ်ခုဖြစ်အောင်ကူညီပေးပါလိမ့်မယ်၊" လို့ပြောကြားခဲ့ပါတယ်၊

Facebook ကသင့်သူငယ်ချင်း တစ်ယောက်ရဲ့နာမည်နဲ့ အတိအလင်း ဖော်ပြခဲ့ တာထက် အမည်မဲ့ သတိပေးချက် တစ်ခု အနေနဲ့ပဲ သွားနေခဲ့တာ များပါတယ်၊
သန်းပေါင်း များစွာသော အသုံးပြု သူတွေကို အခြေခံ ထားချက်ပြီး အချိန်မှန် လှုပ်ရှား သွားလာမှုတွေကို အမြဲသိနိုင်ဖို့ မှတ်ချက်တွေနဲ့ မက်ဆေ့ခ်ျတွေကို ပေါင်းကူး ဆက်သွယ်ပေးဖို့က Facebookရဲ့နောက်ခြေ လှမ်းတစ်ရပ် ဖြစ်ပါတယ်၊
သက်ဝင်မှတ်ချက် ၀န်ဆောင်မှုကို Facebookက ၂၀၁၁ တုန်းကမှ စတင်ခဲ့ တာဖြစ်ပြီး အဲ့ဒီ မတိုင်ခင် ကာလက အသုံးပြု သူတွေဟာ ပြင်ဆင်ခွင့် နဲ့ သာမန် မှတ်ချက်ပေးခွင့်သာ ရှိခဲ့တာပါ၊
၂၀၁၃ခုနှစ်မှာတော့ Reply မှတ်ချက် ၀န်ဆောင်မှုကို ဆက်လက်ထည့်သွင်းခဲ့ပြီး Reddit နဲ့ တူတဲ့ စုပေါင်း ဆွေးနွေးမှုတွေ ကိုယ်ပိုင် စာမျက်နှာတွေ ဖန်တီးနိုင်မှုတွေ စတာတွေကို ထည့်သွင်း ခဲ့တာပါ၊
နောက်တစ်နှစ်မှာတော့ Facebookဟာ မှတ်ချက်တွေကို Stikers လေးတွေနဲ့ ပေးနိုင်တဲ့ ၀န်ဆောင်မှုကို ကြေငြာခဲ့ပြီး မက်ဆေ့ခ်ျပို့တဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ဖန်တီးခဲ့ တာဖြစ်ပါတယ်၊
အခုနောက်ဆုံးပြင်ဆင်ချက်မှာတော့ Facebookဟာ Reactionဆိုတဲ့ Functionတစ်ခုကိုစမ်းသပ်နေပြီး စိတ်ချမ်းသာမှုအနည်းငယ်သာပါတဲ့ Like ခလုတ် ထက်ပိုပြီး စိတ်လှုပ်ရှား မှုဖြစ်ပေါ် တာကိုပြသနိုင် မှာဖြစ်တယ်လို့သိရပါတယ်၊ လက်တလောမှာတော့ ဒီစနစ်က အိုင်ယာလန်နဲ့ စပိန်နိုင်ငံတွေမှာသာ ရရှိနိုင်သေးတာဖြစ်ပါတယ်၊
Ref : Gadgets 360
Original link - http://technology.thithtoolwin.com/2015/12/comment-facebook.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |

No comments: