တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 11, 2015

လူသား အကျိုးပြု လမ်းလျှောက် လူတူ စက်ရုပ်




ဒါကတော့ လမ်းလျှောက် လူတူ စက်ရုပ် ဖြစ်ပြီး လူသား အကျိုးပြုဖို့ ဖန်တီး ထားတာ ဖြစ်ပါတယ်။ ဒီစက်ရုပ်ဟာ လူသား တဦးလိုပဲ ပစ္စည်း ကိရိယာ တွေကို ကိုင်တွယ် အသုံးချနိုင် သလို ပတ်ဝန်းကျင်နဲ့ တုံ့ပြန် ဆက်သွယ်နိုင် ပါတယ်။

လူတူ စက်ရုပ်ကို အီတလီ နည်းပညာ တက္ကသိုလ်နဲ့ ပီဆာ တက္ကသိုလ်တို့မှ စက်ရုပ် ပညာရှင်တွေက တည်ဆောက် ခဲ့ကြတာ ဖြစ်ပါတယ်။

အန္တရာယ်ရှိ နေရာတွေမှာ လူသားတွေ အစား ဘီးတပ် ဒါမှမဟုတ် ခြေလေးချောင်းပါ စက်ရုပ် တွေထက် လူပုံ သဏ္ဌာန် ဒီဇိုင်း ဆွဲထားတဲ့ စက်ရုပ်တွေ ကသာ ပိုပြီး သင့်တော် တယ်လို့ ပညာရှင် တွေက ဆိုပါတယ်။

ပညာရှင် Nikos Tsagarakis က “လူတိုင်း လက်ခံ ထားတဲ့ တချက်ရှိတယ်။ ကျနော်တို့ရဲ့ကမ္ဘာ ကျနော်တို့ရဲ့ပတ်ဝန်းကျင်က ကျနော်တို့ ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်တယ် လို့ပေါ့။ ဒါ့အပြင် လူ့လက်တွေနဲ့ ဆုပ်ကိုင် ရအောင် ဒီဇိုင်း ထုတ်ထားတဲ့ ကိရိယာ တွေရှိတယ်။

လူသားပုံစံနဲ့သင့်တော်တဲ့ နယ်ပယ်တွေ၊ လမ်းကြောင်းတွေ ရှိတယ်။ ဒီတော့ လူပုံစံနဲ့ဆင်တူတဲ့ စက်ရုပ်တရုပ်ကိုသာ တည်ဆောက်မယ်ဆိုရင် ဒီလိုနေရာတွေမှာ လုပ်ငန်းဝင်လုပ်မယ့် စက်ရုပ်တွေအတွက် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် အထူးတလည် သိပ်လုပ်ပေးဖို့မလိုတော့ဘူး” လို့ ပြောပါတယ်။

အရှည်ခြောက်ပေကျော်ရှိတဲ့ လူတူစက်ရုပ်ရဲ့ဦးခေါင်းမှာ အမြင်အာရုံစနစ်နဲ့ ပတ်ဝန်းကျင်ကို သရုပ်ခွဲနိုင်မယ့် သုံးဖက်မြင်လေဆာဆုံလည် scanner တခုတို့ကို တပ်ဆင်ထားမှာဖြစ်ပါတယ်။

စက်ရုပ်ရဲ့ကျွမ်းကျင်မှုနဲ့ စွမ်းရည်ဟာ သူ့ရဲ့လူလို လှုပ်ရှားပြီး အလုပ်တွေကို ဆောင်ရွက်နိုင်ခြင်းကို ဆိုလိုတာပါ။

မညီညာတဲ့မြေမျက်နှာပြင်ပေါ်မှာ စက်ရုပ် လမ်းလျှောက်နေစဉ်အတွင်း စက်ရုပ်ရဲ့ နားလည်မှုစွမ်းရည်အတွက် သူတို့အဖွဲ့က ပြဿနာ နာ ဖြေရှင်းစနစ်တခုကို စီမံထားကြတယ်လို့ Nikos Tsagarakis က ပြောပါတယ်။

“လူလိုလှုပ်ရှားမယ်ဆိုတော့ ခြေထောက်တွေချည်းနဲ့တင် မလုံလောက်ပါဘူး။ လက်တံတွေကိုလည်း သုံးရပါတယ်။ ဒါမှသာ ပတ်ဝန်းကျင်ကို အမိအရဖမ်းဆုပ်နိုင်မှာပါ။ ပတ်ဝန်းကျင်ရဲ့ ဟန်ချက်ညီမှုနဲ့ ထိတွေ့ချိတ်ဆက်ပြီး စက်ရုပ်ရဲ့ ရွေ့လျားနိုင်စွမ်းကို ထောက်ကူပေးနိုင်မှာပါ။

ဒါဟာ ကိုယ်ထည်အောက်ပိုင်းကိုပဲသုံးပြီး ဟန်ချက်ထိန်းနေရတဲ့ လက်ရှိလူသား တုပစက်ရုပ်တွေနဲ့ အကြီးအကျယ် ကွာခြားသွားတဲ့ အချက်ပါပဲ။ ခန္ဓာကိုယ် အပေါ်ပိုင်းဟာလည်း အရေးပါ ပါတယ်။ အထူးသဖြင့် အတား အဆီးများတဲ့ နေရာတွေ၊ ဖွဲ့စည်း တည်ဆောက်ပုံ အမျိုးမျိုး ရှိတဲ့ မြေပြင်တွေကို ဖြတ်သန်း သွားချင်တဲ့ အခါမျိုးမှာပေါ့။”

လမ်းလျှောက်လူတူစက်ရုပ်ရဲ့ ပထမဆုံးပုံစံငယ်ကို DARPA Robotics Challenge finals ပွဲမှာ ဒီနှစ်အစောပိုင်းက ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာပေါ်က စက်ရုပ်တွေဟာ သဘာဝနဲ့ လူ့ ပယောဂကြောင့် ဖြစ်ရတဲ့ ဘေးကပ်ဆိုးတွေမှာ လူသားတုံ့လှယ်ကူညီပေးနိုင်ကြောင်းကို ပြသနေပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/126559

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: