
ယနေ့ခေတ်မှာ မိုဘိုင်း ဖုန်းဟာ လူတစ်ဦးရဲ့ နေ့စဉ် လှုပ်ရှား နေထိုင်မှု ပုံစံထဲမှာ မရှိ မဖြစ် အခန်း ကဏ္ဍ ကနေ ပါဝင်နေ ပါတယ်။ စကား မပြော တတ်တဲ့ ကလေး တွေတောင် စကား တစ်ခွန်းကို ကောင်းကောင်း မပြောတတ် ပေမဲ့ စမတ်ဖုန်း တစ်လုံးကို ကောင်းကောင်း အသုံးပြု တတ်နေ ပါပြီ။ ယနေ့ခေတ် လူတွေဟာ စမတ်ဖုန်းကို စာတိုပို့ခြင်း ၊ ဖုန်းပြောခြင်း ၊ အင်တာနက် အသုံးပြုခြင်း ၊ ယခုဆိုလျှင် ဓါတ်ပုံနှင့် ဗီဒီယို ရိုက်ခြင်းများ အတွက်ပါ အသုံးပြု လာကြ ပါတယ်။ ဒါကြောင့်လည်း စမတ်ဖုန်းဟာ လူသားတို့ရဲ့ နေထိုင်မှု ဘဝ ပုံစံမှာ မရှိမဖြစ် တီထွင် စမ်းသစ် ထားတဲ့ အရာ တစ်ခု ဖြစ်နေ ပါတယ်။
ဒါပေမဲ့ စမတ်ဖုန်း ဆိုတာ အီလက်ထရောနစ် ပစ္စည်း တစ်မျိုးဖြစ်တဲ့ အတွက်ကြောင့် ရေဒီယို သတ္တိကြွမှုကို ဖြစ်ပေါ်စေ ပါတယ်။ မိမိတို့ရဲ့ စာတို့ ပေးပို့ခြင်း ၊ ဖုန်းခေါ်ဆိုခြင်း ၊ တို့ကို ရေဒီယို လှိုင်းတွေ ကနေ တစ်ဆင့် ဆက်သွယ် ပေးပို့နေကြ ရတာ ဖြစ်ပါတယ်။
ဒါကြောင့် ရေဒီယို သတ္တိကြွမှု တွေကို တိုင်းတာဖို့ အတွက်တော့ SAR ဆိုတဲ့ စံနှုန်းနဲ့ တိုင်းတာ ကြပါတယ်။ SAR ဆိုတာ ကတော့ Specific Absorption Rate လို့ခေါ်တဲ့ လူ့ခန္ဓာကိုယ် အတွက် ဆိုးကျိုး ဖြစ်စေမဲ့ ရေဒီယို လှိုင်းထုတ်လွှင့် မှုကို တစ်ကီလို ဂရမ်မှာ ဘယ်လောက် Watt ရှိလဲဆိုပြီး တိုင်းတာတဲ့ စံနှုန်း ဖြစ်ပါတယ်။
FCC လို့ခေါ်တဲ့ Federal Communications Commission မှ ထုတ်ပြန် ထားတဲ့ SAR တိုင်းတာချက်များ အရတော့ လူတစ်ယောက်ရဲ့ တစ်သျှူးစ ၁ ဂရမ်ဟာ ရေဒီယို သတ္တိကြွမှု ၁.၆ watts per kilogram (W/kg) ခံနိုင် တယ်လို့ သိရပါတယ်။ ဒီထက် ကျော်လွန်တဲ့ ရေဒီယို သတ္တိကြွမှုကို ထုတ်လွှင့်နေတဲ့ အီလက် ထရောနစ် ပစ္စည်းများ ကိုတော့ တားမြစ် ထားပါတယ်။ ဒီလို တားမြစ် ထားပေ မဲ့လည်း ရေဒီယို သတ္တိကြွမှု လွန်ကဲနေတဲ့ စမတ်ဖုန်း အမျိုးအစား ငါးမျိုးက ဈေးကွက်ထဲကို ဝင်ရောက် လာပါတယ်။
၎င်း စမတ်ဖုန်း အမျိုးအစားများ ကတော့ အောက်ပါ အမျိုးအစားများ ဖြစ်ပါတယ်။
1. Motorola Droid Maxx (SAR တိုင်းတာမှု အရ ရေဒီယို သတ္တိကြွမှု 1.54 ရှိခြင်း)

2. Motorola Droid Ultra (SAR တိုင်းတာမှုအရ ရေဒီယို သတ္တိကြွမှု 1.54 ရှိခြင်း)

3. Motorola Moto E (SAR တိုင်းတာမှုအရ ရေဒီယို သတ္တိကြွမှု 1.50 ရှိခြင်း)

4. Alcatel One touch Evolve (SAR တိုင်းတာမှုအရ ရေဒီယို သတ္တိကြွမှု 1.49 ရှိခြင်း)

5. Huawei Vitria (SAR တိုင်းတာမှုအရ ရေဒီယို သတ္တိကြွမှု 1.49 ရှိခြင်း)

Ref : Trendingpost
Aung Ko Htet (MMA)
Original link - http://www.myanmarmobileapp.com/
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |

No comments: