တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 8, 2015

စမတ်နာရီတွေ သုံးပြီး သွေးဖောက် စစ်နိုင်တော့မည်




စမတ် နာရီတွေဟာ သင့်ရဲ့ နှလုံးခုန်နှုန်း ၊ သင့်ရဲ့ လေ့ကျင့်ခန်း လုပ်နှုန်း နဲ့ စိတ်ဖိစီးမှု ပမာဏ တွေကို ခြေရာခံ မှတ်တမ်း တင်နိုင် ခဲ့ပါပြီ။ အနာဂါတ် မှာလည်း စမတ်နာရီ aတွဟာ ဒီထက် ပိုမို ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင် လာဖွယ်ရာ ရှိနေ ပါတယ်။

Google က ထုတ်ဖော် ပြောပြ ခဲ့တာ ကတော့ စမတ် နာရီတွေ အသုံးပြုပြီး အပ်မလိုပဲ သွေးဖောက်နိုင်မယ့် စနစ်ကို ဖန်တီး သွားမယ်လို့ ဆိုပါတယ်။ ထို စက်ကိရိယာ ကိုတော့ အသုံးပြုသူရဲ့ လက်ကောက်ဝတ်မှာ နာရီလို ၀တ်ဆင် ရမှာပဲ ဖြစ်ပါတယ်။

ထို ကိရိယာ ကတော့ အဏုဇီဝ အမှုန်တွေ ပါဝင်တဲ့ နေရာ တစ်ခုကို ဂတ်စ် လမ်းကြောင်းတွေ ပေးပို့ပြီး အရေပြားကို ဖောက်ထွင်းကာ သွေးစက် တစ်စက်ခန့်ကို ရယူပေးမယ့် နည်းပညာမျိုးပဲ ဖြစ်ပါတယ်။

Google က ထုတ်ဖော် ပြောကြား ထားတာကတော့ ဒီကိရိယာဟာ ဂလူးကို့စစ် စစ်ဆေး စက်ကို အစားထိုး နေရာယူဖွယ် ရှိတယ်လို့ ဆိုပါတယ်။

ထိုကဲ့သို့ ဂတ်စ် လမ်းကြောင်းပေးပို့တဲ့ စနစ်နဲ့ သွေးဖောက်စစ်တဲ့အခါမှာ နာကျင်မှု အနည်းငယ်တော့ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမယ့်လည်း ဂတ်စ်လမ်းကြောင်းနဲ့ အဏုဇီဝ အမှုန်တွေကို အသုံးပြုခြင်းဟာ နာကျင်မှုကို အပ်နဲ့ဖောက်တာထက်တော့ သက်သာစေမှာဖြစ်ပါတယ်။

Google ဟာ စမတ် ကွန်တက် မှန်ဘီလူးတွေနဲ့ Cloud နဲ့ချိတ်ဆက်ထားတဲ့ ဆင်ဆာတွေကို အသုံးပြုပြီး ဂလူးကို့စ် ပမာဏကို စောင့်ကြည့်ပြီး ဆီးချိုသွေးချို ရောဂါရှင်တွေကို ကူညီပေးနိုင်တဲ့ စနစ်ကိုလည်း ဆောင်ရွက်နေပါသေးတယ်။

Ref : Dailymail

Original link - http://technology.thithtoolwin.com/2015/12/blog-post_7.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: