
အွန်လိုင်းမှာ ဒိတ် လုပ်ရတဲ့ ၀က်ဘ်ဆိုက် အသစ် တစ်ခုဟာ Disney ကာတွန်းရဲ့ ပရိတ်သတ်တွေ အနေနဲ့ ကိုယ်နဲ့ ကာတွန်း ဇာတ်ကောင် အကြိုက်ချင်း တူတဲ့ သူကို ရှာဖွေ ပေးပြီး ဒိတ်လုပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒါ ဆိုရင်တော့ ဒိတ်လုပ်သူ ၂ ယောက်လုံး အမြဲတမ်း ပျော်ရွှင်ခွင့် ရမှာ ဖြစ်ပါတယ်။
ထို ၀က်ဘ်ဆိုက် နာမည်ကတော့ Mouse Mingle လို့ခေါ်ပြီး Disney ကုမ္မဏီ ရဲ့ ကာတွန်းဇာတ်ကောင် အကြိုက်သူတွေကို ရှာဖွေပေးမှာပါ။
"ရိုးရာအင်တာနက်ဒိတ်လုပ်တဲ့ဆိုက်တွေဟာ လူတွေ Disney နဲ့ ပတ်သက်တဲ့ အရာရာတိုင်းကို မသိပါဘူး။ကျွန်တော်တို့သိပါတယ်။
ဒိတ်လုပ်တဲ့ ၀က်ဘ်ဆိုက်တွေဟာ အခုနောက်ပိုင်းမှာ မသဲကွဲကြတော့ပါဘူး။ ဒီဝက်ဘ်ဆိုက်တော့ အရွယ်ရောက်ပြီးသူတွေအတွက်ပါ။
ဒါပေမယ့် အရွယ်ရောက်ပြီးသူတွေ ကြည့်လို့ရတဲ့ အကြောင်းအရာမျိုး မဟုတ်ပါဘူး။ ကျွန်တော့်လိုပဲ Disney ကို စိတ်ဝင်စားတဲ့ မိန်းကလေး တစ်ယောက် ရှာဖို့ခက်တယ် ဆိုတာကို ကျွန်တော်သိ ခဲ့လို့ပါ" လို့ လော့အိန်ဂျလိစ် မြို့ Culver City မြို့နယ်က ဆော့ဖ်ဝဲ ရေးသားဖန်တီးသူ Dave Tavres က ဆိုပါတယ်။
ပိုပြီး ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုက ဓါတ်ပုံ ကဏ္ဍပါ။ ထို ၀က်ဘ်ဆိုက်မှာ ဓါတ်ပုံတင်တဲ့အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ Disney ရဲ့ အထင်ကရဇာတ်ကောင် Mickey Mouse ရဲ့ နားရွက်တွေကို ဓါတ်ပုံမှာတပ်ဆင်ခံရမှာဖြစ်ပြီး Disney ပန်းခြံကဲ့သို့သော နေရာမျိုးမှာ ဓါတ်ပုံတင်ရမှာဖြစ်တယ်လို့လည်းသိရပါတယ်။
Ref : Mirror
Original link - http://technology.thithtoolwin.com/2015/12/disney-dating-mouse-mingle.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |

No comments: