
ရေခဲနဲ့ပြုလုပ်ထားတဲ့ ကားဘီးတွေနဲ့မောင်းနှင်မယ့် ခေတ်ကိုရောက်လာဖို့အတွက် ဂျပန်ကားကုမ္ပဏီကြီးကကြိုးပမ်းနေတယ်လို့ သိရပါတယ်၊ NX ကားဟာသေချာတင်းကြပ်စွာ တပ်ဆင်ထားတဲ့ ရေခဲဘီးတွေနဲ့အတူ အလုပ်လုပ်မှာဖြစ်တယ်လို ကုမ္ပဏီကထုတ်ဖော်ပြောကြားလိုက်တာပါ၊

တာယာတွေဟာ လန်ဒန်မှာ Hamilton ဆိုတဲ့ ရေခဲပန်းပုပညာရှင်အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါ သက်တမ်း၃၅နှစ်ရှိတဲ့ အဖွဲ့ဟာ ကြီးမားတဲ့ရေခဲတုံးတွေနဲ့ နှင်းအလှဆင်ပစ္စည်းတွေ ကိုအထူးပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်၊

NX ကားကအစိတ်အပိုင်းတွေကို လေဆာစကန် ဖတ်ပြီး တည်ဆောက် ထားတာ ဖြစ်ပါတယ်၊ တာယာနဲ့ ဘီး အစိတ်အပိုင်း တွေကို အသေးငယ်ဆုံး အစိတ်အပိုင်းတွေတောင် အသေးစိတ် မိတ္တူ ယူထားပြီး တကယ့် တာယာ တစ်လုံးလို တည်ဆောက် ထားတာ ဖြစ်ပါတယ်၊ တစ်ဘီးစီကို အချိန် ၃၆နာရီ အထိ အသီးသီး ယူပြီးပြုလုပ် ထားတာဖြစ်ပါတယ်၊
ကားတာယာတွေကို အနှုတ်သုံးဆယ်ဒီဂရီဆဲစီးယက်စ်မှာထားထားတာဖြစ်ပြီး ထိငါးရက်တိုင် သိမ်းဆည်းထားနိုင်တယ်လို့သိရပါတယ်၊
ဘီးထဲမှာ LED မီးသီးတွေမြုတ်ထားပြီး တည်ဆောက်ထားတဲ့ ပုံစံကခရစ္စတယ် ပုံစံဖြစ်တာကြောင့် အတော်လေးကိုကြည့်လို့ကောင်းတဲ့ပုံစံပေါက်နေတာပါ၊ ဒီကားကိုလုပ်ဖို့အတွက်သုံးလကြာသုတေသနလုပ်ခဲ့ရတာဖြစ်ပြီး ၀ိတ်ကတော့နှစ်တန်နီးပါး ရှိတာပါ၊
Ref : CNN
Originally published at - http://technology.thithtoolwin.com/2015/12/lexus-nx.html

No comments: