တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 22, 2015

သင်မသိသေးသော သင့်တက်ဘလက် လုပ်ဆောင်နိုင်သည့် အရာငါးခု




ယခု ခေတ်မှာတော့ တက်ဘလက်လို့ ခေါ်တဲ့ သင်ပုန်း ကွန်ပြူတာ တွေကို အသုံးများ လာကြပါပြီ၊ တချို့လူတွေက တက်ဘလက် တွေရဲ့ တကယ် အသုံးဝင်တဲ့ အရာတွေကို မသိတာတွေ ရှိပါတယ်၊ အခု ဖော်ပြပေးမယ့် အကြောင်း အရာ ငါးခု ကတော့ သင့်ရဲ့ တက်ဘလက် တွေကို ပိုပိုပြီး အသုံးဝင် စေနိုင်မှာ ဖြစ်ပါတယ်၊

(၁) စာသားများကို ဖတ်ရ လွယ်ကူစေရန် ပြုလုပ်နိုင်ခြင်း

တက်ဘလက် တစ်လုံးက သင့်ကို စမတ်ဖုန်း တွေထက် စာရင် ပိုကြီးတဲ့ စခရင် တစ်ခုကို ပေးနိုင် ပေမယ့် တချို့လူတွေ အတွက် စာသားတွေဟာ သေးနေ တုန်းပါပဲ၊ ကံကောင်းစွာပဲ စာသားတွေရဲ့ ဆိုက်တွေကို ပိုပြီး ကြည့်ရ လွယ်ကူအောင် ချဲ့လို့ ရပါတယ်၊

iPad

Sitting ထဲက၊ General ကိုသွားပြီး၊ "Bold Text" နဲ့ "Larger Text" ကို Turn on လုပ်လိုက်ပါ၊ သင်လို သလောက် တစ်ခုတည်း ဖြစ်ဖြစ် နှစ်ခုလုံး ဖြစ်ဖြစ် ဦးစားပေးပြီး ရွေးချယ် နိုင်ပါတယ်၊ သင့်ရဲ့ Bold နဲ့ Larger ဆိုက် ရွေးချယ် တာကို Effect ဖြစ်အောင် တက်ဘလက်ကို Restart ပြန်လုပ် ဖို့တော့ လိုပါတယ်၊

Android Pad

Sitting ထဲက Accessibility ကိုသွားပါ၊ Vision ဆိုတဲ့ အောက်က Font Size ဆိုတဲ့ Function ထဲကို ၀င်ပြီး အထဲမှာ Large ကို ရွေးပါ၊

(၂) စခရင်ရှော့ (Screenshot) ရိုက်နည်း

ကိုယ်အရမ်း ကြိုက်တဲ့ စာသားတွေ၊ ပုံတွေ၊ Save လုပ်လို့ အဆင်မပြေတဲ့ အရာတွေကို ကိုယ့်အနေနဲ့ သိမ်းထား ချင်ရင်တော့ Screen Shot ရိုက်တာက အဆင်ပြေ ပါတယ်၊

iPad

Sleep/Wake ခလုတ်လေး ဖိထား ပြီးနောက် Home ခလုတ်ကို နှိပ်လိုက်ရင် Screenshot ရိုက်လို့ ရပါတယ်၊ ရိုက်တာနဲ့ "ချပ်" ဆိုတဲ့ အသံကြားလိုက်မှာ ဖြစ်ပြီး၊ ပြန်ကြည့် ချင်ရင် သင့်ရဲ့ Gallary ထဲက Capture Images Folder ထဲမှာ ကြည့်နိုင် ပါတယ်၊

Android

Power ခလုတ်နဲ့ အသံ တိုးလျှော့ ခလုတ်ကို တပြိုင်တည်း ဖိထား ရမှာပါ၊ Gallary ထဲက Capture Images ထဲမှာ ၀င်ကြည့်နိုင် ပါတယ်။

(၃) ကီးဘုတ် အစစ်ကို အသုံးပြုနည်း

Touch Screen ကီးဘုတ်တွေဟာ Facebook ကြည့်တာ၊ ဂိမ်းဆော့တာ၊ ၀က်ဘ်ဆိုက်တွေ ထဲဝင်ကြည့်တာ တွေမှာ လျှင်မြန်မှု ရှိပေမယ့်၊ Update အဖြစ် အပျက် တွေကို ချက်ချင်း ရေးတင် ချင်ရင်တော့ စာရိုက်တဲ့ နေရာမှာနှေးကွေး တယ်လို့ ထင်နိုင် ပါတယ်၊ ကံကောင်းစွာပဲ တကယ့် ကီးဘုတ် အစစ်တွေနဲ့ တွဲသုံးလို့ ရနိုင်ပါတယ်၊

သင်ဟာ တက်ဘလက် တွေနဲ့ ချိတ်ဆက်နိုင်ဖို့ များပြားလှတဲ့ Wireless Bluetooth ကီးဘုတ်တွေကို ဈေးကွက်ထဲမှာ တွေ့နိုင်ပါတယ်၊ တချို့က ကွန်ပြူတာ ကီးဘုတ် လိုပဲ ကြီးမားတဲ့ ကီးဘုတ်တွေ ရှိသလို၊ တက်ဘလက်ကေ့စ်နဲ့ ထည့်နိုင်အောင် လုပ်ထားပြီး သယ်ဆောင်ရ လွယ်ကူစေတဲ့ ကီးဘုတ်တွေလည်း ထွက်လာပါပြီ၊

ဒီကောင်လေးတွေက Email ရှည်ရှည်ရေးတာ၊ ဂျာနယ်ဆောင်းပါးတွေ၊ ၀တ္ထုတွေရေးတဲ့ နေရာတွေ မှာလည်း အချည်းနှီးဖြစ်မှု နည်းနည်းနဲ့ အဆင်ပြေ စေမှာပါ၊

(၄) သီချင်းများ အလိုအလျောက် ပိတ်အောင် ပြုလုပ်နည်း

တကယ်လို့သင်က သီချင်းနားထောင်ရင်း အိပ်ပျော်တတ်တဲ့ လူဆိုရင် သင်အိပ်တဲ့ အချိန် သီချင်းတွေ ပိတ်သွားအောင် လုပ်နိုင် ပါတယ်၊

iPad

Clock ထဲကိုဝင်ပြီး Timer ထဲက သီချင်းပိတ်တဲ့ Stop Playing ကို ရွေးပြီး သင်ဘယ်လောက်အချိန်ကြာကြာ လုပ်မယ်ဆိုတာကို Set လုပ်လိုက်ပါ၊

Android

Music Player အသုံးပြုမှု ပေါ်မူတည်ပြီး သင် ဒီအရာကို မြင်နိုင် မမြင်နိုင်တော့ ရှိပါတယ်၊ Samsungမှာ တော့ Sitting ထဲက Music auto off ဆိုတဲ့ Function ထဲ ၀င်လုပ် ရမှာပါ၊

(၅) VoiceOver Mode

တကယ်လို့ တစ်ခါတစ်လေ သင့် စခရင်ပေါ်မှာ ဘာဖြစ်နေတယ် ဆိုတာကို ချက်ချင်း မသိနိုင်တဲ့ အခါမှာ iPad နဲ့ Android Pad တွေဟာ အသံနဲ့ အချက်ပေးနိုင်တဲ့ Function ရှိတယ် ဆိုတာတော်တော် များများ မသိကြပါဘူး၊

Sitting ထဲက General ကိုသွားပြီး Accessibility မှာ VoiceOver ကို TurnOn လုပ်လိုက်ပါ၊ ဒီဟာလေးကို ရင်းနှီးဖို့ အတွက်ဆိုရင် အမြဲတမ်းတော့ ထိတွေ့မှု ရှိနေရမှာ ဖြစ်ပါတယ်၊

ဥပမာ၊ သင်က သင့်လက်ချောင်း တွေကို Home Screen မှာ လှုပ်ရှား လိုက်တာနဲ့ အထဲမှာ ဘာတွေ ရှိနေတယ် ဆိုတာကို သိနိုင်ပါတယ်၊

VoiceOver Mode မှာ သတိပြု ရမှာက တစ်ချက်တည်း နှိပ်ရင် ဒီApp ရဲ့အကြောင်းသာ သိရမှာဖြစ်ပြီး နှစ်ချက်နှိပ်မှသာ App က Activate ဖြစ်မှာ ဖြစ်ပါတယ်၊

VoiceOver က မြေပုံမှာ ဆိုရင် တည်နေရာတွေ ပြပေးနိုင်တာ၊ ကင်မရာ ရိုက်ရင် ကင်မရာထဲမှာ လူဘယ်နှယောက် ရှိတာ စတာတွေပါ ပြောပြနိုင်တာပါ၊

Ref: Fox News

Originally published at - http://technology.thithtoolwin.com/2015/12/blog-post_21.html


No comments: