
ရှည်လျားပြီး၊ လေးထောင့် ကျကျနဲ့ အနီရောင် မီးသတ်ယာဉ်ကြီး တွေဟာ ဆယ်စုနှစ် များစွာ အထင်ကရ ဒီဇိုင်း တစ်ခုဖြစ်ခဲ့ ပြီးနောက် ယခု အခါမှာ စင်ကာပူ အင်ဂျင်နီယာ ကုမ္ပဏီ တစ်ခုဟာ ကုမ္ပဏီရဲ့ Red Rhino မီးသတ်ကား အုပ်စုရဲ့ နောက်ဆုံး ဗားရှင်း တစ်မျိုးကို မိတ်ဆက်ပြသ လိုက်ပါတယ်။

ဒီမီးသတ်ကားတွေဟာ ပိုမိုသေးငယ်၊ပေါ့ပါးကာ မြို့ ပြရဲ့ရှုပ်ထွေးတဲ့လမ်းကြောတွေမှာ အခက် အခဲမရှိ မောင်းနှင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

စင်ကာပူ နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ 2015 Home Team Festival မှာ စင်ကာပူ ကုမ္ပဏီ HOPE Technik က LF5G မော်ဒယ် အမျိုးအစား မီးသတ်ကားကို စတင်ပြသ ခဲ့တာဖြစ်ပြီး၊ သာမန်ကား တစ်စီးနဲ့ ပုံစံ ဆင်တူပေမယ့်၊ ၀င်ရ ခက်ခဲတဲ့ မီးလောင်မှု တွေကို ငြိမ်းသတ်ကာ၊ အသက်တွေကို ကယ်ဆယ်နိုင်ဖို့ ဒီဇိုင်း ဆွဲထားတာ ဖြစ်ပါတယ်။
ပထမဦးဆုံး Red Rhino မီးသတ်ကားကို ၂၀၀ ခုနှစ်က စတင်ထုတ် ခဲ့တာဖြစ်ပြီး၊ မော်ဒယ် အသစ်တိုင်းဟာ စွမ်းဆောင်ရည် ပိုင်းတိုးတက် မှုတွေ ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် မော်ဒယ် LF5G ဟာ လုပ်ငန်း စွမ်းရည် မြှင့်တင်ဖို့  အတွက် အဆင့်မြှင့်တင် မှုတွေ အများကြီး ပါရှိခဲ့ပါတယ်။
ယခု LF5G ရဲ့ ရှေ့ ပိုင်းဒီဇိုင်းပုံစံကို မီးသတ်သမားဦးထုပ်ကနေ စိတ်ကူးစိတ်သန်းရယူရေးဆွဲထားတာဖြစ်ပြီး မော်တော်ယာဉ်စက်ခေါင်းဖုံးကို မြင်ကွင်းကောင်းကောင်းမြင်ရဖို့ အတွက် အနည်းငယ်နှိမ့်ထားကာ၊ မီးသတ်ကား နဲ့ လိုက်ပါလာသူဝန်ထမ်းတွေကို ကာကွယ်ဖို့ အတွက် စတီးဘောင်အိမ်ကို ထည့်သွင်း တပ်ဆင်ထားပါတယ်။
အပြင်ပိုင်းကိုတော့ အလေးချိန်ပေါ့ပါးတဲ့ ဖိုင်ဘာမှန်သားနဲ့ ပြုလုပ်ထားပြီး ယာဉ်အလေးချိန် ၅၀၇၁ ပေါင် ရှိကာ အရင် LF4G မော်ဒယ်ထက် ၁၃၂ ပေါင် ပိုမိုပေါ့ပါးပါတယ်။ မီးသတ်သမားလေးယောက်နဲ့ ဆေးဝန်ထမ်း တစ်ယောက် ထိုင်နိုင်ဖို့ အတွက် ထိုင်ခုံငါးခုံပါရှိပြီး ဆေးပစ္စည်းတွေထားဖို့ အကန့် တစ်ခုလည်း ပါရှိပါတယ်။
ဒီယာဉ်မှာ HOPE Technik ရဲ့ မူပိုင်နည်းပညာဆော့ဖ်ဝဲ 1-button push နည်းပညာပါဝင်ပြီး ကားမောင်းတဲ့ စနစ်၊ ရေဖြန်းပက်တဲ့စနစ်ကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အဆက်မပြတ်ပြောင်းလဲလို့ ရပါတယ်။
လွန်ခဲ့တဲ့နှစ် LF4G စတင်မိတ်ဆက်ခဲ့တုန်းက၊ လေဖိအားသုံးရေမြှပ်ဖြန်းစနစ် (CAF) ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး မြို့ တွင်းမီးသတ်ကားအသေးအဖြစ် ချီးကျူးခံခဲ့ရပြီး ယခု LF5G မှာလည်း FRC တာဘိုရေမြှပ်ပန့် စနစ် စွမ်း ဆောင်ရည်ပါဝင်ပါတယ်။
Ref : Dailymail
Original link - http://technology.thithtoolwin.com/2015/12/red-rhino.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |

No comments: