တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 1, 2015

ကန်ဒေါ်လာ ၁၈၉၅၀ တန် 'Super Mario Bros' Limited Edition နာရီ




သင်ဟာ Nitendo ပရိသတ် တစ်ယောက် ပါလား။ Super Mario ကိုရော ဘယ်လောက် တောင် ကြိုက်ပါ သလဲ။

ကားတစ်စီး ကောင်းကောင်း ဝယ်လို့ရတဲ့ ပိုက်ဆံနဲ့ ဇိမ်ခံ နာရီ တစ်လုံးကို ဝယ်ယူဖို့ သင့်မှာ လုံလုံ လောက်လောက် ပိုက်ဆံ ပေါပါ သလား။ ဒါဆိုရင်တော့ ဇိမ်ခံ နာရီတွေ ထုတ်ရောင်းတဲ့ Romain Jerome နဲ့ပဲ ပြောကြည့် လိုက်ပါတော့။

Romain Jerome ဟာ ကန်ဒေါ်လာ ၁၈၉၅၀ တန် Limited Edition ဇိမ်ခံ နာရီတစ်လုံးကို ထပ်မံ ထုတ်လုပ် လိုက်ပါတယ်။

ဒီနာရီကို 'Super Mario Bros' လို့ နာမည်ပေးထားပါတယ်။ Super Mario ရဲ့ နှစ်သုံဆယ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထုတ်လုပ်ထားတာပါ။

ဒီနာရီကို အနက်ရောင် တိုက်တေနီယံ နာရီအိမ်နဲ့ ပြုလုပ်ထားပါတယ်။

ဒိုင်ခွက်ကို အလွှာသုံးလွှာနဲ့ ပြုလုပ်ထားပြီး ကြွေရည်သုတ် pixel မာရီယိုရုပ်လေးက အစောပိုင်းကာလမှာ ကျွန်တော်တို့ ဆော့ခဲ့တဲ့ မာရီယိုဂိမ်းကို အမှတ်ရစေမှာပါ။

စတိုင်ကျကျ ဈေးကြီးတဲ့ ပုံ တော်တော်လေးပေါက်ပါတယ်။ ဒါပေမဲ့ သိပ်ကို ဈေးကြီးလွန်းတဲ့ ကန်ဒေါ်လာ ၁၈၉၅၀ တန်နာရီတစ်လုံးကို ဝယ်ဖို့ကတော့ မာရီယိုဂိမ်းကို အရမ်း မမြတ်နိုးဘဲ၊ သင်ကိုယ်တိုင်ကလဲ အရမ်းမချမ်းသာဘဲ မရပါဘူး။

Ref: engadget

Original link - http://technology.thithtoolwin.com/2015/11/super-mario-bros-limited-edition.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: