တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 1, 2015

နေစွမ်းအင်ကို သန့်စင်သော လောင်စာအဖြစ် ဈေးချိုချို၊ ရိုးရှင်းစွာဖြင့် ပြောင်းလဲနိုင်ပြီ




လူလုပ် အလင်းနှင့် အစာ ဖွဲ့စည်းခြင်း (ကာဗွန်ဒိုင် အောက်ဆိုဒ်ကို အနာဂတ် လောင်စာ အဖြစ် ပြောင်းလဲခြင်း) ကို သိပ္ပံပညာရှင် တွေဟာ ထုတ်လုပ် နိုင်ခဲ့ပြီး ဖြစ်ပေမယ့် ၄င်းသည် ယခု ထက်တိုင် ဆန်းပြားတဲ့ လုပ်ငန်းစဉ် အဖြစ်ပဲ ရှိပါ သေးတယ်။

ဒီလိုလုပ် လိုက်တာနဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ပေးနေတဲ့ အပင်တွေ နေရာမှာ အစားထိုးနိုင် ဖို့ရာ မနီးစပ်သေးပါဘူး။

ဒါပေမဲ့ ဒါကို လက်တွေ့ လုပ်ဆောင်နိုင်ဖို့ အတွက် ဖလော်ရီဒါပြည်နယ် တက္ကသိုလ်က သုတေသီတွေဟာ နည်းလမ်း တစ်ရပ် ရှာဖွေ တွေ့ရှိခဲ့ ပါတယ်။

သူတို့ဟာ အလွှာ တစ်ထပ်တည်း ရှိတဲ့ မန်ဂနိ အောက်ဆိုဒ် ပစ္စည်းကို တီထွင် ခဲ့ပါတယ်။ ၄င်းက နေအလင်းရောင်ကို လုံလုံ လောက်လောက် ထိန်းသိမ်း ထားမှာဖြစ်ပြီး နေစွမ်းအင်ကို ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင် အဖြစ် အလွယ် တကူဖြိုကွဲ ပေးမှာပါ။

လက်ရှိ ဆိုလာဆဲလ်တွေလိုမျိုး နေအလင်းရောင်ရယူရေး နည်းစနစ်တွေမှာတောင် အလုပ်လုပ်ဆောင်ဖို့အတွက်ကို အလွှာတွေအများကြီးလိုအပ်ပြီး စရိတ်ကလည်း သက်သာပြီး လွယ်ကူဖို့ကို ဝေးစွပါပဲ။

သိပ္ပံပညာရှင်တွေ ယခုတီထွင်လိုက်တဲ့ အလွှာတစ်ထပ် မန်ဂနိအောက်ဆိုဒ် ပစ္စည်းကို တကယ့်လက်တွေ့မှာ ဘယ်လိုအသုံးပြုနိုင်တယ်ဆိုတာ သိမြင်နိုင်ဖို့ လွယ်ကူပါတယ်။

ဒါပေမဲ့ စမ်းသပ်အဆင့်ပဲရှိပါသေးတယ်။ ဟိုက်ဒြိုဂျင်နဲ့ မောင်းရတဲ့ကားတွေဟာ သူကိုယ်တိုင် သူ့အထောက်အပံ့ကို ထုတ်လုပ်နိုင်မှာဖြစ်ပြီး အထူးခေါင်းမိုးတွေပါတဲ့ အိမ်ဟာလည်း အထူးအပင်အခင်းတွေ မလိုအပ်ဘဲနဲ့ အောက်ဆီဂျင်ကို ထုတ်လုပ်ပေးနိုင်မှာပါ။

Ref: engadget

Original link - http://technology.thithtoolwin.com/2015/11/blog-post_30.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: